☆Extra☆

8.1K 431 19
                                    

》》》ကျွန်တော့်ရယ့် puppy baek》》》

🐶Extra part...🐶
#Start.................#

"ဒုန်း !.....ဝုန်း...."

"ပါပီလေး ခဏနေဦး ကိုယ်ပြောမယ် ...."

ကား တံခါးကို စောင့်ပိတ်ရင်း ခြေဆောင့်ကာထွက်သွား
သော ကောင်လေးနောက်ကို chanyeolအမြန်ပြေး
လိုက်ရသည်....

တော်ကြာနေ ချော်လဲနေမှဖြင့်....ကျွန်တော်ပဲရင်ကျိုးရမှာ!
ပြီးတော့ သူလေးက အခု ၁ယောက်ထဲ မှ မဟုတ်ဘဲ!😅

Baekhyuneeလေး ၁ယောက် ရှေ့ကနေ မြေကြီးကို
သူ၏ ရန်သူ အထင်ဖြင့် ဆောင့်နင်းကာ သွားနေ
ပုံသည် သူ့အတွက်တော့ သိပ်ကို ချစ်ဖို့ကောင်းသည်....

အခု သူလေး စိတ်ဆိုးနေတာပါ ...ဖြစ်ပုံကတော့
သူလေး ကျွန်တော့် companyကို လာတယ် ....
ထမင်းဗူး လာပို့တာဆိုပဲ ! 😁ကလေးက လိမ္မာ
နေတာ ....

အဲ!....

အဲ့အချိန်မှာ Americaက ပြန်လာတယ့် ကျွန်တော့်သူငယ်ချင်း
Kim miraက ကျွန်တော့်ကို ဝမ်းသာအားရ နှုတ်ဆက်ချိန်!

သူက နိုင်ငံခြားမှာ အနေများလာတော့ သူခါတိုင်း နှုတ်ဆက်
သလို ကျွန်တော့်ကို welcome hug!!!

ကျွန်တော်လည်း တွန်းထုတ်၍ မရ ! သူကလည်း ရိုးရိုး
သားသား နှုတ်ဆက်သည်လေ!

ဒါကို ပါပီ၁ကောင် မြင်သွားပြီး....."လူဆိုးကြီး !
Yodaကြီး !နားကားကြီး မသာကြီး !"အို စုံ နေတာပဲပြော
ဆို ပြီး ငိုကာ ထွက်ပြေးပါလေရော....😔

သူလေး ထွက်ပြေးတော့ Miraကိုတောင် ၁ယောက်တည်း
ထားခဲ့ပြီး သူလေးနောက်ပြေးလိုက်ရတယ် ကျွန်တော် ကို ဝန်ထမ်း
တွေကလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့်😩

သူလေး လုပ်မှပဲကျွန်တော် park chanလည်း
ယောကျာ်း ကြောက် ဘဝရောက်ရတော့တယ် ဟူး😥

အဲ့တာနဲ့ အဲ့ကလေးကို အတင်းချော့မော့ပြီး အိမ်ကို အရောက်
ခေါ်လာရတယ် ....အခုတော့ ကျွန်တော့်ရယ့် puppyလေး
စိတ်ဆိုးနေပြီ😔

"သခင်လေး !....ဟို သခင်လေး baekငိုလာတာလား ?"

Mr.kimက စိုးရိမ်တကြီး မေးနေ၍ ကျွန်တော်လည်း
အသာ လက်ကာပြရင်း အိမ်အပေါ်ထပ်ကို တက်လာလိုက်သည်....

ကျွန်တော့်ရယ့် Puppy BaekWhere stories live. Discover now