အခန်း (၃)

7.5K 655 35
                                    

"ကြည်ဆုဆု... နင်တော်တော် သတ္တိတွေ ရှိနေတယ်ပေါ့"

ကြည်ရှုယွမ်အိမ်ပြန်ရောက်သည့်အချိန်တွင် သူ့ညီမက ခန္ဓာကိုယ်ကိုရှေ့ကိုင်းကာ ထမင်းစားပွဲပေါ်မှောက်နေသည်။ သူ့အသံကိုကြားလိုက်တော့ မက်မွန်သီးမှည့် နှစ်လုံးလို နီရဲမို့အစ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုမော့ကြည့်လာသည်။

ကြည်ရှုယွမ် သက်ပြင်းချလိုက်မိ၏။ သူ့အသက်၁၅နှစ်အရွယ်မှာ မိဘတွေက ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားခဲ့ကြသည်။ အဲဒီအချိန်တုန်းက သူ့ညီမလေးက ဆယ်နှစ်သာရှိသေးသည်။ သူ့ကို အစွမ်းကုန်အလိုလိုက်တဲ့ အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရပေမယ့် သူကတော်တော်လေး နူးညံ့ပြီး ရှက်တတ်တဲ့သူတစ်ယောက် ဖြစ်၏။

နောက်ပိုင်း ဘော်ဒါနေ ကျောင်းတက်ခဲ့ရပြီးတဲ့နောက် သူက အတော်လေး လွတ်လပ်လာပြီး စရိုက်လည်းတော်တော် မာကြောလာခဲ့သည်။ ဒါပေမဲ့ အဘိုးအဘွားတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆုံးပါးသွားခဲ့ပြီးနောက် သူ့ညီမက သူနဲ့အတူ လာနေဖြစ်ခဲ့သည်။

နောက်ဆုံးတော့ ဘယ်လိုမှမနေနိုင်ဘဲ သူလည်း သူ့ညီမကို အလိုလိုက်ခဲ့မိသည်။

သူ့ရဲ့ ချစ်စရာကောင်းတဲ့ရုပ်လေး ဒါမှမဟုတ် ကလေးဆန်တဲ့ အမူအယာလေးကို တစ်ချက်ကြည့်လိုက်ရုံနှင့် ကြံရာမရအောင်ဖြစ်ခဲ့ရသည်။

"ကိုကြီး" ကြည်ဆုဆုက သူ့အသံချိုချိုလေးနဲ့ တိုးတိုးလေးပြောလိုက်တယ်။

"ညီမလေးက ရန်လေးနဲ့ပဲ အတူရှိချင်တာပါ... ဒါပေမဲ့ ကိုကြီးကအရမ်းရက်စက်ပြီး ခေါင်းမာလွန်းတယ်... ညီမလေးလည်း အစ်ကိုရှောင်းကိုပဲ ကူညီပေးဖို့ အကူအညီ တောင်းရတော့တာပေါ့..."

"အဲဒီလူမိုက်က နင့်အစ်ကိုကိုသေအောင်ရိုက်ပြီးတော့ ရန်ဇီမြစ်ထဲ အလောင်းပစ်ချလိုက်တဲ့နည်းနဲ့ နင့်ကိုကူညီလိုက်မှာကို နင်မကြောက်ဘူးလား"

ကြည်ရှုယွမ်က သူ့ဆီလျှောက်သွားလိုက်ပြီး ရှောင်းလီပေးလိုက်တဲ့ စားစရာဘူးကို စားပွဲပေါ် တင်လိုက်ရင်း...

"စားပြီးပြီလား... ဒီမှာနင့်အတွက် စားကောင်းတာလေးယူလာတယ်"

Lawless Gangster (မြန်မာဘာသာပြန်)Where stories live. Discover now