About Physiotherapy

527 35 4
                                    

***သိစေချင်သည်အကြောအဆစ်ပညာဟူသည်*** (ပြန်ပြီးရေးထားတာပါ။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး ကျေးဇူးတင်ပါတယ်)

***သိစေချင်သည် အကြောအဆစ်ပညာဟူသည်***

     ကျွန်မကို ကျွန်မအသိတော်တော်များများက ဆေးရုံမှာအလုပ်လုပ်တဲ့ဆရာမတစ်ယောက် အနေနဲ့ပဲ သိကြပါတယ်။ တစ်ချို့ကတော့ သူနာပြုနဲ့လွဲသလို၊ အကြောအဆစ်နဲ့ ပြန်လည်သန်စွမ်းရေးလို့ ပြောပြတဲ့အခါ တစ်ချို့က ဆေးဝါးကျွမ်းကျင်သူ၊ တိုင်းရင်းဆေး(ပညာရှင်) နဲ့ လွဲတတ်ကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်  ဖီဆီအို သဲရာပီ (Physiotherapy) လို့ခေါ်တဲ့ ကျွန်မတို့သင်ကြားတတ်မြောက် ထားတဲ့ ပညာရပ်ကို ပြည်သူတွေအသေအချာမသိသေးတာကို သိရပါတယ်။ ဒါ့ကြောင့် ဒီပညာရပ်အကြောင်းကို ကျွန်မတတ်နိုင်သမျှရှင်းပြဖို့ စဉ်းစားမိပါတယ်။

     ကျွန်မတို့တွေဟာ မိမိတို့ရဲ့တက္ကသိုလ်ဝင်တန်းရမှတ်ပေါ်မူတည်ပြီး ယခင်က ဆေးဘက်ပညာသည်တက္ကသိုလ် (Institute of Paramedical Sciences) လို့ခေါ်ပြီး အခုနောက်ပိုင်းမှာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (University of Medical Technology) လို့ခေါ်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်လျှောက်ထားကြရပါတယ်။ တက္ကသိုလ်တက်ရောက်ခွင့်ရသူတွေဟာ ဒီတက္ကသိုလ်မှာ ၄ နှစ်ပညာသင်ယူရပါတယ်။  ဒီတက္ကသိုလ်မှာလည်း အဓိကပညာရပ် ၃ မျိုး ထပ်မံခွဲခြားထားပါတယ်။

    တက္ကသိုလ်ရဲ့အဓိက ပညာရပ် (၃) မျိုးကတော့ -
၁။ ဓာတ်ခွဲနည်းပညာ ( Medical  Technology -Laboratory) ၊
၂။ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ (Medical Imaging)  နဲ့
၃။ အကြောအဆစ်ပညာ (Physiotherapy) တို့ပဲဖြစ်ပါတယ်။
ဓာတ်ခွဲပညာ၊ ဓာတ်မှန်နဲ့ပုံရိပ်ဖော်နည်းပညာတွေကိုတော့ အတော်များများသိကြပါတယ်။ အကြောအဆစ်ပညာ လို့ပြောလိုက်တဲ့အခါတော့ ထုံးစံအတိုင်း တိုင်းရင်းဆေး(ပညာရှင်) နဲ့လွဲကြတာပါပဲ။ Physiotherapy ပညာရပ်ကို ခန္ဓာသန်စွမ်းမှုနည်းပညာ၊ ရူပဗေဒဆေးကုသမှုနည်းပညာ စသည်ဖြင့်လည်း ယခင်က ခေါ်ဆိုသုံးနှုန်းခဲ့ကြပါတယ်။

    
     တက္ကသိုလ်တက်ရတဲ့ ၄ နှစ်အတွင်း ပထမနှစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒဘာသာရပ်တွေအပြင် ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (Physiology)၊ ဇီဝဓာတုဗေဒ (Biochemistry) ဘာသာရပ်တွေကိုပါ အခြေခံအဖြစ်အနည်းငယ် သင်ယူကြရပါတယ်။ ပထမနှစ်နောက်ဆုံးစာမေးပွဲ မတိုင်မီမှာတော့ ကျောင်းမှာရှိတဲ့ အဓိကပညာရပ်ထဲက မိမိအထူးပြုသင်ယူလိုတဲ့ ပညာရပ်ကိုရွေးချယ်ပြီး ဦးစားပေးအနေနဲ့ လျှောက်ထားရပါတယ်။ ဒုတိယနှစ်ကျောင်းပြန်မတက်ရမီမှာ ကျွန်မတို့တက်ရောက်ရမယ့် ပညာရပ်အလိုက် အမည်စာရင်းထွက်ပါတယ်။

You've reached the end of published parts.

⏰ Last updated: Jun 11, 2017 ⏰

Add this story to your Library to get notified about new parts!

What is Physiotherapy?Where stories live. Discover now