Happy Birthday With SeKai

2K 239 18
                                    

" Sehun nar ... ...... Saranghada"

Kai ကိုယ်တိုင်ပြောခဲ့ဖူးတဲ့ စကားလေး

ဒီစကားလေးကို သူပြောခဲ့တာ Sehunရဲ့ မွေးနေ့မှာပါ

အဲဒီနေ့က M Countdownရဲ့ Backstage မှာ ချစ်စရာကောင်းတဲ့ အငယ်လေးနှစ်ယောက်ရဲ့ မေ့ဖျောက်မရတဲ့ Moment လေးတစ်ခုဖြစ်ပွားခဲ့တယ်

* Kaiက Sehun ထက်ပိုပြီး ရှက်တတ်တဲ့သူ တစ်ယောက်ပါ

ဒီလို လူတစ်ယောက်ဆီကနေ ချစ်တယ်ဆိုတဲ့ စကားလေးထွက်လာတယ်ဆိုတော့ တစ်ကယ်ကိုပဲ အံ့အားသင့်ခဲ့ရပါတယ်

Member အချင်းချင်း ချစ်တယ်လို့ပြောတာ မဆန်းကြယ်ပါဘူးလို့ တွေးကြလိမ့်မယ် ဟုတ်ပါတယ် ဒါက သိပ်တော့ မဆန်းကြယ်ပါဘူး

ဆန်းကြယ်စေခဲ့တာက Kaiရဲ့ အပြုအမူလေးတွေပါ

သူ ဒီစကားကို လွယ်လွယ်ပြောခဲ့တာ မဟုတ်ဘူးဆိုတာ သူ့ရဲ့အဲဒီနေ့က အမူအယာလေးတွေက သက်သေပါပဲ

သူကိုယ်တိုင် Sehun အတွက်မွေးနေ့ကိတ်အဖြူလေးကို သယ်လာတယ်

Kai သူ့အတွက်မွေးနေ့ကိတ်ယူလာတာမြင်တော့ sofaပေါ်ထိုင်နေတဲ့ Sehunက ကလေးလေးတစ်ယောက်လိုပဲ ဝမ်းသာအားရ လက်ခုပ်လေးတီးပြီး မတ်တပ်ထရပ်လာတယ် ပြီးတော့ Kaiလက်ထဲက မွေးနေ့ကိတ်လေးကို ယူလိုက်တယ်

Sehunလည်း ကိတ်ယူပြီးရော Kaiရဲ့ လက်တစ်ဖက်က Sehunရဲ့ ဂုတ်ကိုလှမ်းကိုင်လိုက်ပြီး

" အွန်း ...ဆယ်ဟွန်းနာ ... ... " တဲ့

Kaiလည်း သူ့ကိုအဲလိုခေါ်လိုက်ရော Sehunချက်ချင်းပဲ ခေါင်းငုံ့သွားတယ် ... ပြီးတော့ Kai ဘာမှမပြောရသေးဘူး သူ့ပုံစံက တအားရှက်နေတဲ့ပုံပဲ ပြီးတော့ သူ့လက်နဲ့ နှုတ်ခမ်းလေးကို အုပ်ပြီး ရှက်ပြုံးလေးပြုံးနေတယ် ... Kaiက တစ်ချိန်လုံး Sehun ရှက်နေတဲ့ပုံစံလေးကို ပြုံးပြီး ကြည့်နေခဲ့တာ ... ပြီးတော့ ချက်ချင်းစကားမဆက်သေးပဲ ကြားထဲတစ်ခုပြောလိုက်သေးတယ် သိပ်မရှင်းလို့ ဘာပြောလိုက်လဲ မသိလိုက်ဘူး ...အဲဒီနောက် နှစ်ယောက်လုံး Cameraရှိတဲ့ဘက်ကြည့်ပြီး ရယ်နေကြတယ် ... နောက်ဆုံးတော့လည်း Kai အရှက်ပြေရယ်လိုက်ရင်း "ဆာရာဟာဒါ" ( ချစ်တယ် ) ဆိုပြီးပြောလိုက်ရော Sehun မျက်နှာက ဟိုဘက်လှည့်သွားပြီး သူခေါင်းမဖော်ပဲ ရှက်နေတော့တာပဲ

All About SeKaiWhere stories live. Discover now