Sehun is Lost

1.2K 135 15
                                    

130415 Sehun is lost
130415 EXO Kai "Where is Sehun?"
~~~~~~~~~~~~~~~~~~~~~~~

ဒီ MM ​လေးက ကြာပါပြီ​နော်​ ​... Former Member ​တွေ ရှိတုန်းကတည်းကပါ (130415 Sehun is lost/ 130415 EXO Kai "Where is Sehun?")ဆိုပြီး You tube မှာရှာကြည့်​လို့ရပါတယ်​ Sehun နှင့်​ Kai တစ်​​ယောက်​ကို တစ်​​ယောက်​ ဘယ်​​လောက်​ဂရုစိုက်​လဲဆိုတာ သိသာ​စေတဲ့ fancam ​လေးတစ်​ခုပါ

အဲဒီတုန်းက EXO Member ​တွေ အကုန်​ Incheon ​လေဆိပ်​ဆင်းလာ​တော့ နိုင်​ငံတကာ Fansite ​ပေါင်းစုံက Fansitenim​တွေ လာကြသလို ​လေဆိပ်​တစ်​ခုလုံး EXO L ​တွေအပြည့်​ ပုရွတ်​ဆိတ်​အုံ​တွေလိုပဲ ​ခြေချစရာ​နေရာ​တောင်​ မရှိဘူး ... member အားလုံးကလည်း လူစု​တွေကွဲ တစ်​​နေရာပြီးတစ်​​နေရာ သူတို့ကို လာကြိုတဲ့ ကား​တွေဆီ​တောင်​ ​ရောက်​ဖို့ မလွယ်​ဘူး..အဲဒါ​ကြောင့်​မလို့လည်း Sehun ​ပျောက်​သွားခဲ့တာပါ

Sehun မ​ပျောက်​ခင်​တုန်းက Fan ​တွေ​ပေးလိုက်​တဲ့ အရုပ်​​တွေ ပန်းစည်း​တွေ ​ပွေ့ထား ပြီး​တော့ ကျန်​တဲ့လက်​တစ်​ဖက်​ကလည်း Kaiကို သူလူ​တွေကြားထဲ မကျန်​ရစ်​​အောင်​ အတင်းပဲဆွဲ​ခေါ်လာတာ ... Kai လက်​ထဲမှာလည်း Fan​ ​ပေးလိုက်​တဲ့ အရုပ်​​လေးတစ်​ရုပ်​လည်း ကိုင်​ထား​သေးတယ်​ ... သူတို့နှစ်​​ယောက်​တည်း လက်​​ဆောင်​​တွေ ဖရိုဖရဲနဲ့ .. Kaiက Sehun ဆွဲ​ခေါ်သွားတဲ့​နောက်​ အူ​ကြောင်​​ကြောင်​​လေးပါလာတာ

အားလုံးသိပြီးသား ဖြစ်​မှာ Kai က အ​​ကြောက်​ဆုံးအရာ ​မေးတုန်းက လူ လို့ ​ဖြေခဲ့သလို သူက လူစုလူ​ဝေး ရှိတဲ့​နေရာ​တွေဆို တစ်​​ယောက်​တည်းသွားဖို့ မလွယ်​ပါဘူး ... ပွဲ​တွေဘာ​တွေတက်​ရင်​ပဲဖြစ်​ဖြစ်​ အစီအစဉ်​​တွေရိုက်​ကူးရင်​ပဲဖြစ်​ဖြစ်​ တစ်​ခြား Member ​တွေ မပါပဲ သူတစ်​​ယောက်​တည်းဆိုရင်​ Member​တွေ သတိရတတ်​တာ အတူတူရှိ​စေချင်​တာ interview​တွေမှာ ​ပြောပြတတ်​ပါတယ်​ ... ​​လေဆိပ်​ဆင်းရင်​ အခုချိန်​ထိပဲ Kaiနှင့်​Sehunအမြဲအတူတူရှိ​နေတတ်​တာပါ ... ​လေဆိပ်​ MM ​တွေဆို အများကြီးပဲမလို့ HC ​တွေအကုန်​သိပြီးသားမလို့ ​ထွေ​ထွေထူးထူး ​မ​​ရေးပြ​တော့ဘူး​နော်​ 😁😁

အခု​ပြောပြချင်​တာက Sehun ​ပျောက်​သွားတဲ့အချိန်​က Kai Reaction ပါ ... လူ​ကြောက်​ပါတယ်​ဆိုတဲ့ ​ကောင်​​လေးက ချက်​ချင်း ​ရှေ့​ရောက်​ပြီးသား​တောင်​ ​ချက်​ချင်း နောက်​ပြန်​လှည့်​ပြီး လူအုပ်​ကြီးထဲပြန်​၀င်​ခဲ့လို့ ကိုယ်​​တောင်​ အံ့သြသွားခဲ့ရတယ်​ ...ပြီး​တော့လည်း အနီးနားမှာ​တွေ့သမျှ Fan ​တွေ အားလုံးတစ်​​ယောက်​ပြီးတစ်​​ယောက်​ Sehun ဘယ်​မှာလဲ Sehun ဘယ်​​ရောက်​သွားတာလဲဆိုပြီး လိုက်​​မေးခဲ့တာ .. Kai ပုံစံက ခုနက Sehun ​ခေါ်လာတုန်းကလို မဟုတ်​​တော့ဘူး က​လေး​ပျောက်​​နေတဲ့ အ​မေလိုပဲ သူ Sehunကို အရမ်းစိတ်​ပူသွားပြီး မျက်​စိထဲဘာမှ မမြင်​​တော့သလိုမျိုး ... လူအုပ်​ကြီးလည်း ​ကြောက်​ရ​ကောင်းမှန်းမသိ​တော့ဘူး သူသိတာ Sehunပဲ ... ပါးစပ်​ကမနားတမ်းရွတ်​ အော်​​ခေါ်ပြီးရှာ​နေတာ ... သူရှာ​နေ​တော့ L ​တွေ​ရော ​နောက်​ကပါလာတဲ့မန်​​နေဂျာ​တွေက​ရော Sehunကို ​အော်​​ခေါ်ပြီး ရှာ​​ပေးကြတယ်​ ... သူတို့ဝင်​ရမဲ့ ကားနား​ရောက်​သည်​အထိ Kaiက မ၀င်​​သေးပဲ ရှာ​နေလို့ ​နောက်​ကပါလာတဲ့ မန်​​နေဂျာက Sehunက ရှေ့မှာ ရောက်နေပြီပြောလို့ ကားထဲဝင်​ခိုင်းမှ လူ​တွေသူ့နားအတင်းဝိုင်း​နေတာ​ကြောင့်​ Kai ၀င်​သွားခဲ့တာ ...

All About SeKaiWhere stories live. Discover now