Story ❇16❇

5.2K 551 21
                                        

ပြတင်းတံခါးကိုအသာဆွဲဖွင့်လိုက်သည် ။ နွေးသောလေထုကဆီးကြိုနေသည် ။ တိမ်ဖြူ အကာအကွယ်နောက်မှ ပုန်းခိုနေသည့် နေခြည်နုနုက အိပ်ရေးမဝသေးသလို ခပ်ဖျော့ဖျော့သာလင်းဖြာနေခဲ့လျက် ။

မနက်စောစောမို့သန့်စင်လန်းဆတ်ဆဲ လေကို ရင်ထဲထိရောက်အောင်တဝရှုရှိုက်သွင်းလိုက်မိသည် .  . ။ သန့်သော အေးသော လေနုသွေး. .။

'' အင်း. . ''

ပြတင်းဘောင်ကိုမှီကာ အပြင်ကိုငေးနေရာက လည်ပြန်လှည့်ကြည့်မိသည် ။ အိပ်ယာပေါ်မှာလှိမ့်နေရင်း ပြတင်းမှတိုးဝင်သောနေရောင်၏ နှုတ်ခွန်းဆက်ခြင်းကို မခံစားနိုင်သည့်အလား ရှုံ့ကာမဲ့ကာ စောင်ပုံခေါင်းအုံးကြားထဲတိုးဝင်သွားလေသည့် ကျွန်တော့် hunnie .  . ။

ခေါင်းမြှီးသာခြုံထားသော်လည်း အောက်ပိုင်းက ခြေထောက်မလုံ ဖင်မလုံ ။ မသေးမကွေးခန္ဓာကိုယ်၏ မလုံမလဲအဖြစ်ကို ရယ်ချင်စိတ်ဖြင့် စောင်ကိုဆွဲဖြန့်ကာ အသာခြုံ ပေးရသည်  . ။

'' ဖြန်း. . ''

'' အား. . . hyungggg. . .''

ကောက်တစ်ထွက်နေသော တင်ပါးလုံးလုံးကို အူတယားယားနှင့်အသံမြည်အောင်ပိတ်တီးပစ်ခဲ့ပြီးမှ  အခန်းထဲကထွက်လာခဲ့သည့်အခါ အိပ်မှုံစုံမွှားကြားက သံရှည်ဆွဲကာ ဆန္ဒပြ၍သူကျန်နေခဲ့လေသည် ။

မုန့်လုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းအဖုံဖုံကို ရှာတွေ့နိုင်သော်လည်း ဟင်းချက်စရာနှင့်ဆိုင်သော တစုံတရာတော့မူးလို့ရှုစရာမရှိလေသည့် ကျွန်တော့်ဆိုင်အတွင်းမှာ သူ့အတွက် သင့်တော်သောမနက်စာလေးတစ်ခုပြင်ဖို့ ကျွန်တော်
ဟိုလှန်ဒီလှောလုပ်ရသည် ။

လွယ်လွယ်ကူကူနှင့်အပေါများဆုံးရှိနေသည့်ဂျုံနှင့်ကြက်ဥတို့ဖြင့် pancake လုပ် blueberry jam ပုလင်းကိုထုတ်၍ အပေါ်မှလောင်းချရင်း  နံရံကပ်စင်ပေါ်က coffee မှုန့်ပုလင်းဆီ အကြည့်ရောက်မိသည့်အခိုက် ။

'' အာ. . coffee မရှိတော့ပြန်ဘူးလား. . ''

စုတ်တစ်ချက်သပ်ကာငြီးတွားမိရသည် ။ ဤမျှမနက်စောစောစီးစီးတွင် ဝီရိယကောင်းကောင်းနှင့်  ထဖွင့်မည့် ဆိုင်တို့ရှိပါစေရန် ဆုတောင်းရင်း ပိုက်ဆံအိတ်ကို ယူဖို့အခန်းထဲတစ်ခါပြန်ဝင်ရပြန်သည်  .။

[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||Wo Geschichten leben. Entdecke jetzt