My Step Sister Part-2 Z+U

1.8K 144 18
                                    

#zawgyi

Krystal's POV
ကျွန်​မရဲ့ ခန္ဓာကိုယ်​ကို တစ်​စုံတစ်​​ယောက်​က ပြင်းပြင်းထန်​ထန်​ လှုပ်​ရမ်း​နေသလို ခံစားရလို့ မျက်​လုံး ဖွင့်​ကြည့်​လိုက်​​တော့ ကျွန်​မရဲ့ Appa ဖြစ်​​နေတယ်​........

Appaက ကျွန်​မရဲ့ လက်​ကို ကိုင်​ပြီး မျက်​ရည်​​တွေ ကျ​နေတယ်​......

"Omar......."
Appaရဲ့ ရင်​ခွင်​ထဲမှာ ကျွန်​မ က​လေးတစ်​​ယောက်​လို ​အော်​ငိုရင်း အ​မေ့ကို တမ်းတမိတယ်​........

Appaက​တော့ ကျွန်​မကို ဖက်​ထားပြီး စကားလုံး တစ်​ချို့နဲ့ နှစ်​သိမ့်​​ပေး​နေတယ်​.......

Appaရဲ့ ရင်​ခွင်​ထဲမှာ ငိုရင်း တံခါး​ပေါက်​မှာ မိန်းက​လေးတစ်​​ယောက်​ ​ကျော​ပေးရပ်​​နေတာကို ကျွန်​မ ​တွေ့ရတယ်​...... သူမကို ကြည့်​ရတာ Yoonaဖြစ်​မယ်​လို့ ကျွန်​မထင်​တယ်​....... Yoonaနဲ့ မ​တွေ့ရတာ ​တော်​​တော်​ကြာပြီမို့ ကျွန်​မ သိပ်​မမှတ်​မိ​တော့ဘူး......

Omarဆုံးသွားလို့ ၀မ်းနည်းမိ​ပေမယ့်​ သူမခံစား​နေရတဲ့ စိတ်​ဒဏ်​ရာ​ရော ​ဝေဒနာ​တွေက လွတ်​ကင်းသွားတဲ့အတွက်​​တော့ ကျွန်​မ ၀မ်းသာမိတယ်​.....အခုဆို သူမ ​ကောင်းကင်​ဘုံက​နေ ကျွန်​မကို ကြည့်​​နေရင်​ ကြည့်​​နေမှာ......

"သမီး အဆင်​​ပြေသွားမှာပါ......"
ကျွန်​မရဲ့ ​ကျောကိုပုတ်​ရင်း Appa ​ပြောလိုက်​တယ်​.....

ကျွန်​မက​တော့ ငို​နေလို့ ဘာစကားမှ မ​ပြောနိုင်​လို့ ​ခေါင်းသာညိတ်​ပြလိုက်​သည်​......

"အချိန်​နည်းနည်းကြာလာရင်​ Yoona​လေးက သမီးကို လက်​ခံ​ပေးမှာပါ.......အဲ့တာ​ကြောင့်​ သမီး​လေး သူ့ကို အချိန်​​နည်းနည်း ​ပေးလိုက်​ပါ​နော်​......."

ဒီ​လောက်​နှစ်​​တွေ ကြာ​ခဲ့တာ​တောင်​ အခုထိ Yoonaက ကျွန်​မကို လက်​မခံ​သေးတာကို Appaက ဘာလို့ အချိန်​​တွေ ထပ်​​စောင့်​ခိုင်း​သေးတာလည်းဆိုတာ ကျွန်​မ မ​တွေး​တောတတ်​ဘူး......

ကား​ပေါ်မှာ စကား​တွေ တိတ်​ဆိတ်​​နေရင်း ​နောက်​ဆုံး Appaရဲ့ အိမ်​ Yoona ရှိတဲ့ ​နေရာကို ​ရောက်​လာတယ်​......

My Step SisterWhere stories live. Discover now