My Step Sister Part-13 Z+U

1.4K 129 12
                                    

#zawgyi

အခုတ​လော Yoona သူ့အ​ပေါ် အရင်​လိုမဟုတ်​​တော့ဘဲ ​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံ​နေလို့ Krystal ထူးဆန်းသလို ခံစား​နေရပြီး ​ပျော်​လည်း​ပျော်​​နေတယ်​......

အရင်​လို သူ့ကို မျက်​​စောင်းလည်းမထိုး​တော့သလို သူ့ကိုစကားကြမ်း​တွေနဲ့လည်း Yoona မ​ပြော​တော့ မနှင်​ထုတ်​​တော့ဘူး

ဒီ​နေ့ ​ကျောင်းပိတ်​ရက်​ဖြစ်​​နေလို့ အရင်​ကလိုဘဲ Yoona အိပ်​ရာထ​နောက်​ကျမယ်​ထင်​ပြီး Krystal ထမင်းစားခန်းထဲ မနက်​စာစား​နေတယ်​.....

ထိုစဉ်​ Yoona ​ရောက်​လာပြီး ၀င်​ထိုင်​​တော့ Krystalမှာ ​နေရခက်​​နေ၏......

ပေါင်​မုန့်​​တွေ ပါးစပ်​ထဲ ဇွတ်​ထိုးသွင်း​နေတဲ့အတွက်​ Krystalမှာ ​ပေါင်​မုန့်​​တွေ နင်​ကုန်​ပါ​လေ​ရော......

"အဟွတ်​......"

Yoonaမှာ ရယ်​ပြီး သူ့​ကော်​ဖီ ပန်းကန်​ကို Krystalကို ​ပေးလိုက်​သည်​​။

"​သောက်လိုက်​....."

Krystalမှာ သူ့အမ​ပေးတဲ့ ​ကော်​ဖီကို ​သောက်​လိုက်​မှ သက်​သာသွား​လေသည်​။

"Gomawo......"

"ဒါနဲ့ ဒီ​နေ့ ဘာအစီအစဉ်​ ရှိလည်း......."

"Thae?"

"ဒီ​နေ့က Valentine Day​လေ..... ဘာအစီအစဉ်​ရှိလည်း မရှိဘူးဆို ငါနဲ့ အပြင်​သွားမလားလို့....."

Yoonaရဲ့ စကား​ကြောင့်​ Krystal မျက်​လုံးပြူးသွားတယ်​.....

"Ah...."

"​ချောကလက်​​တွေဘာ​တွေ ​ပေးစရာလူမရှိဘူးလား...."

"Umm....မရှိပါဘူး......"

"Really......ငါက Taeyeonကို ​ချောကလက်​​ပေးမယ်​ ထင်​​နေတာ......"

Krystal တစ်​​ယောက်​ ဘာမှမ​ပြောနိုင်​ဘဲ စကား​တွေ ထစ်​အထစ်​အ ဖြစ်​​နေတယ်​.....

"Hey.....ဘယ်​လိုဖြစ်​တာလည်း ​စကား​တွေ ထစ်​​နေပါ့လား........"

"​​မုန့်​နင်​သွားလို့ပါ.....Yoona Sunbae​ရော.....​ပေးစရာလူ မရှိဘူးလားဟင်​....."

Krystal သိချင်​လို့ ​မေးလိုက်​သည်​။

"အမှန်​တိုင်း ​ပြောရရင်​ မရှိဘူး.....ဒါ​ပေမယ့်​ ငါ့ကို ​ပေးမယ့်​သူ​တွေ​တော့ အများကြီးရှိတယ်​.....နင်​လိုချင်​ရင်​ မနက်​ဖြန်​ ​ကျောင်းဖွင့်​ရင်​ ​ပေးမယ်​ အတန်းထဲလာယူ​ပေါ့......"

My Step SisterWhere stories live. Discover now