My Ex-Crush

5.1K 177 24
                                    

Prologue

"Jen​ လေး ​ကျောင်းမှာ​ပျော်​ပျော်​ဆော့ခဲ့နော်​ငိုမ​နေနဲ့ဦး​ မေ​မေက ငိုတာကို မကြိုက်​ဘူးဆိုတာ​မေ​မေတို့ Jen​လေး သိတယ်​မလား​ မေ​မေသွား​တော့မယ်​နော်​ Jen​ လေး တာ့တာ​ကောင်း​ကောင်းကျန်​နေရစ်​နော်​"

​မေ​မေတ​ယောက်​ပြောချင်​ရာ​ပြောပြီး ထွက်​သွား​တော့ ကျွန်​မ​တ​ယောက်​တည်း ဒီစစ်​မြေပြင်​ထဲကို ဝင်​ရ​တော့မယ်​ စစ်​မြေပြင်​ဆိုတာက တခြား​တော့ မဟုတ်​ပါဘူး ကျွန်​မ တက်​ရ​တော့မဲ့​ကျောင်း​ပေါ့

တခြား​စီနီယာကျောင်းသားတွေအတွက်​က​တော့​ဒီကိစ္စဟာ ထမင်းစား​ရေ​သောက်​လိုမျိုး ကိစ္စတခုထက်​မပို​လောက်​ပေမဲ့ ကျွန်​မလို​ကြောက်​တတ်​လန့်​တတ်​တဲ့​က​လေးတ​ယောက်​အတွက်​တော့ Omma ကို လိုအပ်​ပါတယ်​ ပြီး​တော့ ဒီ​နေ့က ကျွန်​မ​အနေနဲ့ကျောင်းပထမဆုံး တက်​ရမဲ့​နေ့​လေ တခြားက​လေး​တွေက သူတို့ မိဘ​တွေဆီ ကပ်​ပြီး ငိုယို​နေကြ​ပေမဲ့ ကျွန်​မရဲ့​မေ​မေဖြစ်​သူက အလုပ်​ရှိလို့ ပြန်​သွားပြီဆို​တော့ ငို​နေတဲ့ က​လေး​တွေကြားထဲမှာ ကျွန်​မတ​ယောက်​တည်း ငိုရမလို မငိုဘဲ​နေရမလိုနဲ့ အူ​ကြောင်​ကြောင်​လေးရယ်​ပေါ့

အုပ်​ထိန်းသူပါမလာ​တာမြင်​တော့ ဆရာမတ​ယောက်​က ကျွန်​မလက်​ကို ဆွဲပြီး​တော့ အခန်းတခန်းကို​ခေါ်သွားတယ်​ ပြီး​တော့ မငိုလို့တဲ့ ချီးကျူးသွား​သေးတယ်​

ကျွန်​မ ထိုင်​နေတာ​တော်​တော်​ကြာ​နေ​ပေမဲ့ အခန်းထဲကို ဆရာမ​ရော တပည့်​တွေ​ရော တ​ယောက်​မှကို ဝင်​မလာကြ ခဏကြာ​တော့ အသားခပ်​ဖြူဖြူ​အရပ်​ပုပုနဲ့ နည်းနည်းဝတဲ့ က​လေးမတ​ယောက်​ဝင်​လာတယ်​ ကျွန်​မလည်း မငိုတဲ့ အ​ဖော်​ရပြီဆိုပြီး​ပျော်​နေတုန်း အဲ့​ကလေးမက မျက်​ရည်​တွေ နှာရည်​တွေ ထွက်​တဲ့အထိ ငိုပါ​လေ​ရော နည်းနည်းကြာ​တော့ ငိုလို့ဝသွားလို့လားမသိ ငိုသံ​တွေ သိပ်​မကြား​ရ​တော့ ပြီး​တော့ သူက ကျွန်​မ ပခုံးကို ပုတ်​ပြီး သူ့ကိုယ်​သူ မိတ်​ဆက်​တယ်​

"ဟိတ်​ငါက Lisa ပါ Annyeong Annyeong"

ကျွန်​မနာမည်​ကို ပြန်​ပြောမိခဲ့​သေးလားဆိုတာကို​တော့ ကျွန်​မလည်း မမှတ်​မိ​တော့ဘူး ဒီ​လောက်​ပါပဲ ကျွန်​မတို့​တွေ့ဆုံခဲ့ကြပုံက ... ဒါ​ပေမဲ့ ဘယ်​က​နေ ဘယ်​လိုမှန်းမသိ ကျွန်​မတို့ အဲ့ဒီအရွယ်​ကတည်းက​နေ 8 နှစ်​အရွယ်​အထိ အရမ်း ရင်းနှီးခဲ့ကြ​တယ်​ ဒါပေမဲ့ အ​ဖေရဲ့အလုပ်​ကြောင့်​ကျွန်​မတို့ မိသားစု ဘူဆန်​ကို​ပြောင်းရဖို့ဖြစ်​လာခဲ့တယ်​ ထုံးစံအတိုင်း သူက​တော့ မျက်​ရည်​လည်​ရွှဲနဲ့​ပေါ့

You've reached the end of published parts.

⏰ Last updated: Jun 10, 2021 ⏰

Add this story to your Library to get notified about new parts!

Dear My CrushWhere stories live. Discover now