I Starve Freedom Ch-15

745 65 1
                                    

Jaehyun's POV

Taeyong အခန်းထဲကထွက်သွားတော့
ကျန်ခဲ့တဲ့ကျနော့်ရှေ့က တရားဝင် ကျနော်မချစ်သောကျနော့်ဇနီး Joy ကိုဒေါသကြီးစွာစိုက်ကြည့်လိုက်တယ်

"Joy မင်းရဲ့မောက်မာမှုတွေ ၊ မဟုတ်ရမ်းတရားစွပ်စွဲမှုတွေကိုရပ်သင့်ပြီလို့ငါထင်တယ်"

"ဖြစ်နိုင်တာကိုတွေးတာမို့မရပ်နိုင်ဘူးဆိုရင်ရော?"

"ငါစကားမများချင်ဘူးကွာ!!! မဟုတ်တာတွေဆက်မဖြစ်အောင် မင်းဘက်ကဒီကိစ္စမှာတစ်ခါပဲလျှော့ပေးပါ"

"မလျှော့နိုင်ဘူး။ တကယ်တမ်းလျှော့ရမှာ Lee taeyong ဆိုတဲ့အလုပ်သမားပါ Joy ကဘာကြောင့်အလျှော့ပေးရမှာလဲ?"

"မဟုတ်ဘူးကွာာာာာာ!!!!! သူဘာမှမမှားဘူး သူဘာမှမလုပ်ဘူး သူ့မှာဘာအကြံအစည်တွေမှလဲမရှိဘူး မင်းစွပ်စွဲသလို အချက်အလက်တွေခိုးပြီးသူ့ဘာသာသူရပ်တည်နိုင်လောက်အောင်၊ ယုတ်မာတဲ့အတွေးတွေမရှိအာင်ကို သူကအရမ်းဖြူစင်တယ်"

"ဘာ့ကြောင့် ကျွန်မဘက်ကမပါဘဲ ဘာမဟုတ်တဲ့ အညတရအလုပ်သမားဘက်ကပါနေရတာလဲ?"

"Joy!! စကားကိုကြည့်ပြောပါ ။ သူကမင်းပြောသလိုအရမ်းနိမ့်ကျနေတဲ့အလုပ်သမားမဟုတ်ဘူး မင်းဆူပူသမျှ နှိမ်သမျှကိုသူအမြဲသည်းခံပြီးလုပ်ပေးနေတာပဲ ဘာ့ကြောင့်သူ့လိုမျိုးမှအကောင်းမမြင်ဘဲ ပြစ်ချက်တင်နေရတာလဲ?"

"Jung Jaehyun!!!! ရှင်လည်းဦးနှောက်မရှိဘဲရူးနေပြီနဲ့တူတယ် ရှင့်လိုယောက်ျားကိုကျွန်မဘာကြောင့်ချစ်ခဲ့မိတာလဲ? ဟက်"

"ဒါဆိုလည်းကွာရှင်းရအောင်"

"ဟင့်အင်း ။ ရှင့်ကိုစိတ်ဆင်းရဲပြီးသေသွားတဲ့အထိကျွန်မပေါင်းမှာ"

"ဒါပေမယ့် ငါကတော့မင်းလိုစိတ်သဘောထားမပြည့်ဝတဲ့မိန်းမတစ်ယောက်နဲ့ရှေ့မဆက်နိုင်ဘူး"

ဘယ်ဘက်လက်သူကြွယ်မှာ နေသားကျနေပြီဖြစ်တဲ့ ရွှေရောင်လက်ထပ်လက်စွပ်ကိုကျနော်အမြန်ချွတ်လိုက်ပြီး အိပ်ရာပေါ်ပစ်တင်လိုက်သည်။

"ရော့!!!!  ငါမင်းလိုအိမ်ထောင်ဖက်မျိုးအလိုမရှိဘူး"

"တောက်!!!!"

I Starve Freedom Onde histórias criam vida. Descubra agora