Jaehyun's POV
တစ်နှစ်ကြာပြီးနောက်
ကျွန်တော် အလုပ်မှမောင်းနှင်လာသော ကားကို ဆင်ဝင်အောက်တွင်စက်သတ်ကာရပ်လိုက်သည်။ ရပ်လိုက်သောကားသော့အပါအဝင်ကျွန်တော့်အိပ်ခန်းသော့ကိုပါပူးတွဲယူလာပြီး ကားထဲမှထွက်လာခဲ့သည်။
အရင်က အိမ်မှာ Joy ရှိတော့အလုပ်ကနေအိမ်ပြန်လာရင်အလိုလိုစိတ်ညစ်နေမိတာ။ အခုတော့ Joy ကအိမ်မှာမရှိတော့။ အဖေလာပြီးနေ့ကတည်းကအဖေကိုယ်တိုင်မောင်းထုတ်ပြီး ကွာရှင်းဖို့ဖိအားပေးလို့ကျွန်တော်တို့ ၂ယောက် ပြတ်စဲခဲ့ရတာ ၁ နှစ်ရှိခဲ့ပြီ
သူနဲ့ကျွန်တော်အဆက်အသွယ်လည်းမရှိတော့သလို ပြန်ဆက်သွယ်ဖို့လည်း စိတ်ကူးရောအကြောင်းအရင်းရောမရှိတော့တာကြောင့် သူရော ကိုယ်ရောဘာမှမသိတော့တဲ့အခြေအနေမှာရှိနေကြတယ်။
အဖေကတော့နိုင်ငံခြားမှာ အလုပ်ကိစ္စတွေမပြတ်သေးတာကြောင့်ပြန်သွားပြီး ကျွန်တော့်ကိုအရင်လိုပဲအိမ်မှာထားခဲ့ပြန်တယ်။
ကျွန်တော် သော့ ၂ ချောင်းကိုယူလာပြီး အိမ်အပေါ်ထပ်ကကျွန်တော့်အိပ်ခန်းဆီသွားလိုက်သည်။
Joy ရှိမနေပေမယ့် ကျွန်တော့်ကိုနှုတ်ခမ်းတစ်တောင်လောက်စူကာစိတ်ဆိုးပြီးစောင့်နေမယ့်လူတစ်ယောက်တော့သေချာပေါက်ရှိနေလိမ့်မယ်။ သူဟာ ...
အဖေကအတင်းနှင်ထုတ်မောင်းချသော်လည်း သူကအကြွေးမဆပ်နိုင်လို့ အကြွေးကြေတဲ့အထိအလုပ်သမားလာလုပ်နေတာပါ လို့မရမကပြန်ဆွဲထားမိသော Taeyong သာဖြစ်သည်။
ကျွန်တော်အိပ်ခန်းတံခါးကို သော့ဖွင့်ကာဝင်လိုက်တော့ ပြတင်းပေါက်တွေကနေ ညဘက် Seoul မြို့ရဲ့အလှကိုငေးကြည့်နေသော Taeyong ရဲ့နောက်ကျောကိုကျွန်တော်မြင်လိုက်ရသည်။
ကျွန်တော်ဝင်လာတာကိုသူအသံကြားပေမယ့်လှည့်မကြည့်။
ညအမှောင်အောက်က Seoul မြို့သည် မီးရောင်တွေနဲ့ထိန်ညီးနေပြီး ကြည့်မဝအောင်လှတယ်။ ကားမီးအရောင်တွေနဲ့ တဖြတ်ဖြတ်သွားလာနေတဲ့ကားတွေကလည်း မြို့ပြညရဲ့အလှတရားတွေထဲကတစ်ခုအနေနဲ့ရှိနေတယိ။
![](https://img.wattpad.com/cover/86162414-288-k908730.jpg)
YOU ARE READING
I Starve Freedom
General Fiction"လွတ်လပ်ခွင့်" ???? "Hak လွတ်လပ်ခွင့်ဆိုတာ မင်းအတွက်နည်းနည်းလေးမှမတန်ဘူး ဒီမှာ Lee Tae Yong မင်းအရင်ကတည်းက ဝဋ် ကြွေးပါလာတာကြောင့်လို့ပဲ သတ်မှတ်လိုက်" -Jaehyun "အင်းလေ ဟုတ်မှာပါ သူ့လက်ခုပ်ထားကရေ ဖြစ်နေတဲ့ဘဝကနေဘယ်တော့မှလွတ်လပ်မှာမဟုတ်ပါဘူး" -Taeyo...