အပိုင်း ၁(Zawgyi & Uni)

14.3K 1.3K 22
                                    

"​တောက်​!"

Parkingထိုးမှာဖြင့်​လည်း မထိုးပဲ ကမ္ဘာ့လိပ်
ဘိုး​အေလုပ်​​နေ​သော Mark2ကားအဖြူ။ ကန့်​လန့်​တိုက်​​နေ​တာ ဘယ်​သူမှန်း နံပါတ်​မြင်​တာနဲ့
သိတယ်​။ ဟွန်းတီးတာ​တောင်​ မမူဘူးဗျာ။

"ထက်​ကို​ရေ ဆင်းမယ်​ဟ"

အ​နောက်​မှ စိတ်​မရှည်​​သော မယ်​​တော်​တို့က
ဆင်းကုန်​ပြီ။ မိန်းက​လေး​တွေဆင်းမှ... ​ရှေ့က
ကျက်​က​ရေတုံးက သတ်မှတ်နေရာသို့ Proဆန်ဆန် ချိုးကွေ့သည်။ ကိုယ်ပါလိုက်ကွေ့
ဖို့က အဆင်မပြေတော့ အနောက်မှာ ဆင်းနေ
ကြပြီ။ ယောကျာ်းလေးတွေပဲ ကျန်တော့မှ
ဒီကောင့် ကားဘေး ဝင်ထိုးရပ်ရတော့၏။

စူပုပ်ပုပ်နဲ့ဆင်းလာသော ထက်ကို ကိုကြည့်ရင်း
ဇေလင်း ခပ်ဟဟ ရယ်မိသည်။ လည်ကတုံး
အဖြူစွပ်စွပ်၊ယောပုဆိုး အနက်ရောင်၊ ကချင်
လွယ်အိတ် အနက်ရောင် နဲ့ ဆင်ကိုးကောင်သား
ရေစိမ်းဖိနပ်အနက်ရောင် အထက်ကဖွေးနေသော
ခြေခုံ ။ ဒါ ထက်ကို၏မူပိုင် အဖြူအနက်
Fashion။ ဒီကောင့်ကို ကြည့်ရတာ မေမေတီး
နေကျ Pianoကြီးနဲ့တူတယ်။ အမြဲ ဒီလို အဖြူ
အနက်ပဲ ဝတ်တယ်။ 21 ရာစုရဲ့ YU ကျောင်း
သားဖြစ်နေပေမယ့် သူ့ကိုယ်သူ မေမေတို့ခေတ်
က ဒီဇိုင်းဖမ်းတတ်တယ်။ ရန်ကုန်တက္ကသိုလ်က
ယောကျာ်းလေးတော်တော်များများ အရင်ခေတ်
က စတိုင်တွေ ထုတ်ပေမယ့် ကျတော်ကတော့
လုပ်မနေ။ Bk သွားတုန်းက ဝယ်လာတဲ့ စစ်စိမ်း
ရောင် ကျောပိုးအိတ်အပျော့နဲ့ လာတယ်။ ဟုတ်
တယ်လေ အတန်းအကုန်လိုက်တက်ဖို့ဆို ထည့်
လာရတဲ့ စာအုပ်တစ်အုပ်လောက်ကတင်
လူခြောင်းရိုက်ရင် တစ်ချက်တည်းနဲ့ မေ့သွား
လောက်တာကို ကချင်လွယ်အိတ်နဲ့က အဆင်
မပြေဘူး။ လည်ကတုံးလည်း မဝတ်ဘူး။ ကျတော့်
အဖေတောင် မဝတ်တာ။
ရှပ်အရောင်လွင်လွင် တွေနဲ့ လိုက်ဖက်တဲ့ ပုဆိုးအကွက်တွေကို လိုက်ဖက်ညီအောင်
ဝတ်တတ်တဲ့ ကျတော်က အားလုံးထဲမှာ
ထင်သာမြင်သာရှိတယ်။

Town Ageကားတံခါးကို ဝုန်းခနဲမြည်အောင်
ပိတ်ပြီး ကျတော့်ကို မမြင်ချင်ယောင်ဆောင်လျက်
ထွက်သွားသော ထက်ကို ဘေးတွင် ငချွတ်
နှစ်ကောင် ကပ်လျက်လိုက်သည်။ ထင်တယ်
အတန်းမစခင် ထက်ကို ကို ကန်တင်းပါအောင်
ချောဆွဲကြတော့မယ်ဆိုတာ။

(အခါတော်ပေး)အခါတော်​​ပေးWhere stories live. Discover now