အပိုင်း ၂(Z&U)

9.4K 1.1K 28
                                    

"မ မဟုတ္ဘူး"

ကျတော့်နောက် စားပွဲမှ ထွက်ပေါ်လာသော
ညီညီခန့်နိုင်၏ ဖြေရှင်းနေသံ။

"မဟုတ်ရင် ဒီကောင်မလေးနဲ့ ဘယ်လို့ ဒီလိုတွေchatထားတာလဲပြော??"

"အဲ အဲ့ဒါက ကို ပြောနေတာ မဟုတ်ဘူးလေ
မေ ရယ်...သူက အရင်လာပြီးစကားပြောတာ"

"သူပြောတိုင်း ပြန်ပြောစရာလား??ပြီးတော့...
Chat Colourက ပန်းရောင်လေးနဲ့နော် ဟက် ဘာမှမဟုတ်ပေလို့ပဲ အောက်နားက အသည်း
ပုံလေးကလည်း ထင်းလို့။ဒါကြောင့်
ပြောတာ ရှင် တို့ယောကျာ်းတွေ ကောင်းကို
မကောင်းတာ။ တွေ့ရာမြင်ရာ ခါးပိုက်ထောင်ထဲ
ထည့်ချင်တာ"

နားထောင်ရင်း ရယ်ချင်လာ၏။ မိန်းမဆိုတာ
အဲ့ဒါပဲ...ဆိုင်တောင်မဆိုင်ရသေးဘူး ပိုင်ချင်နေ
တာ။ အမှန်တော့ ညီညီက အလိုက်အထိုက်ပြန်
ပြောရုံပဲဆိုတာ ကျတော်သိတာပေါ့။ ကျတော်
ကိုယ်တိုင် chatထားတာပဲ။ ဒါပေမယ့် ညီညီ
မှားတာက Delete conservationလုပ်
လိုက်တာပဲ။ ဒါကလည်း ဝေလင်းပြောပြထား
တဲ့ သူ့အကျင့်ပဲလေ။ သူနဲ့ မသိတဲ့လူစကား
လာပြောရင် အလိုက်အထိုက်ပြန်ပြောပေးတယ်
ပြီးရင် ဖျက်လိုက်တတ်တာ။ ကြူတာတွေ ကြာ
တာတွေ မလုပ်တတ်တာပဲ။
အကျင့်သိနေတဲ့ ဝေလင်းနဲ့ကpeaceပေမယ့်
မေလင်းနဲ့ နည်းနည်းစကားသွားပြောပြီး

"မမရယ် ဒီကိုကိုက သိပ်သဘောကောင်းတာပဲ"

အစချီပြီး ပြောထားတဲ့စကားသုံးလေးခွန်းလောက်
SSတွေရိုက်ပြီး ပို့ပေးရုံနဲ့ ရှင်းလိုက်ရတာနေ့
တစ်ဝက်ကျော်ပြီ ခုထိအဆင်မပြေသေးရှာဘူး။
ဒါတွေကြောင့် ကျတော်ရည်းစားမထားတာ။

တော်ပါပြီ ဒီနေ့အတွက်တော့...ဒီလောက်
မွှေရတော်ရောပေါ့။
ကျတော်ဘောလုံးသွားကန်ရအုံးမယ်လေ။ သန့်စင်ခန်းထဲဝင်...ဂျာစီလဲနေတုန်း အပြင်ဖက်မှ လမ်းလျှောက်ရင်းဖုန်းပြောလာသံသည်
အိမ်သာထဲထိ လှိုင်လာသည်။

"ဟာ...ဒီလိုအခြေအနေမှာ ခြေလှမ်း လှမ်းတာက
အစ သတိထားရမယ်လို့ ငါမမှာထားဘူးလား
ညီညီ ရ။ ဘာလို့ သွားဖျက်လိုက်တာတုန်း..."

ကျတော် အခန်းထဲမှ မထွက်ပဲ ငြိမ်နားထောင်
နေလိုက်သည်။ အခါတော်ပေးကြီး တက်ကိုရဲ့
လက်ချာဆိုတာ နာရီပိုင်းတွင်ပင် စိုးမြင့်ကြော်
တစ်ပွဲနဲ့ ရေခဲသုတ်တစ်ခွက်ရှိတာ။ ခုလို အလကားနားထောင်ရတာ နည်းလား ဟိဟိ

(အခါတော်ပေး)အခါတော်​​ပေးWhere stories live. Discover now