140 20 0
                                    

တနင်္လာနေ့တိုင်းက သိပ်မုန်းစရာကောင်းတယ်။
မဟုတ်ဘူး အမှန်ဆို မနက်အစောကြီးထရတဲ့ ရုံးဖွင့်ရက်တိုင်းက မုန်းစရာတွေချည်းပါပဲ။
ဝါသနာမပါတဲ့အလုပ်ကိုလုပ်နေရတာက ဘဝကြီးကသေနေသလိုပဲ။ဒါပေမယ့် ခုလောလောဆယ်တော့ တခြား ရွေးချယ်စရာမရှိဘဲ သေနေတဲ့ ဘဝကိုပဲ တရိုတသေ ဖက်တွယ်နေရသည့်အဖြစ်...

"ဟူး...Monday ဆိုအလုပ်များတတ်လို့ တတ်နိုင်သမျှ အလုပ်မပျက်ပါနဲ့မှာထားတာကို နွေးကတော့ လုပ်ချလိုက်ပြန်ပြီ"

မယွန်းရဲ့ စိတ်ပျက်လက်ပျက်အသံက ရုံးခန်းထဲဟိန်းထွက်လာသည်...။တဆက်တည်းမှာပဲ အကြည့်က ဒီဘက်ရောက်လာပြီး

"မေရေ...Nice အတွက် ဆွဲထားတာတွေ ပြီးပြီလား"

"ပြီးစပြုနေပါပြီ...ဘာဖြစ်လို့လဲ မယွန်း"

"လက်စသက်လိုက်ပါကွယ်...clientက ဒီနေ့ကြည့်ချင်တယ်တဲ့"

designဆွဲရတာ ကိုယ့်တာဝန်ဆိုပေမယ့် client နဲ့တွေ့ပြီး ဆွေးနွေးဖို့တွေ စာချုပ်ချုပ်ရမယ့်ကိစ္စတွေက နွေးတာဝန်ယူထားတာဖြစ်သည်။ခုနွေးက မလာဘူးဆိုတော့...
ကိုယ့်အတွေးမဆုံးလိုက် မယွန်းဆီက တောင်းဆိုသံက ထွက်လာပြီးသားဖြစ်နေခဲ့သည်။

"ဒီနေ့တော့ နွေးအစား မေပဲသွားပေးလိုက်ပါနော်...မို့မို့ကို အဖော်ခေါ်သွားလိုက်...နို့မို့ဆို မယွန်းသွားပေးပါတယ်...ဒီနေ့ ကြွေပြားတွေရောက်မယ်ဆိုလို့ ဂိုထောင်ကို မယွန်းမှ မသွားရင်မဖြစ်လို့ပါ"

ကိုယ်နဲ့မဆိုင်ဘူးဆိုကာ ငြင်းလိုက်ရင်ရပေမယ့် မယွန်းမျက်နှာက ပြိုတော့မည့်မိုးလိုဖြစ်နေသည်...။တော်ရုံဆို လူတွေနဲ့စကားမပြောတတ်တဲ့ ကိုယ့်ကို ညှာပေးတတ်ကြတာ သိနေတော့လည်း ပြတ်ပြတ်သားသားပြောဖို့က ခက်သည်...။

"အင်းလေ...မဖြစ်တော့လည်း သွားရမှာပေါ့ ဘယ်နှစ်နာရီလဲ မယွန်း"

"နေ့လည်း နှစ်နာရီတဲ့...client က လူငယ်ပဲဆိုတော့ ပြောရဆိုရလက်ပေါက် မကပ်ပါဘူး...အားကိုးပါရစေနော်"

"အင်း...အင်း"

ကိုယ်ခေါင်းညိတ်တာ မစောင့်နိုင် မယွန်းမှာ ဖိုင်တစ်ထပ်ကြီးနှင့်ပြေးတော့သည်...။
ဟူး...ဒီနေ့ ကံမကောင်းဘူးလို့ခံစားရတယ်...။

ရင်ကွဲနာ~Donde viven las historias. Descúbrelo ahora