99 16 2
                                    

ဘုရားမလို့ပေါ့။ဘုရားကယ်တာ။
ဒီစကားကို အသက်ရွတ်နေတာ ဘယ်နှစ်ခါမှန်းမသိတော့။
အခန်းထဲ တစ်ခါဝင်လာတိုင်း ကျွန်မနဖူးကို စမ်းပြီး 'အင်းကိုယ်တော့မပူပါဘူး'ဆိုတဲ့စကားကို ဆိုပြန်သေးသည်။သူက ကျွန်မဆေးခန်းတစ်ခုသွားပြီး ပုလင်းမချိတ်မချင်း နေကောင်းသည်လို့ ထင်မည့်ပုံမပေါ်…

"ဒီလိုပဲ ခနခနမူးလဲရင် ဘယ်လိုလုပ်မလဲ။ခုတောင် ဘုရားမလို့ ကူညီမယ့်သူနဲ့တွေ့တာ"

ဟော…ပါလာပြန်ပြီ ဘုရားမလို့။ကျွန်မထက် အသက်လေး လပိုင်းကြီးလို့သာ တော်ရော့သည်။သူကိုမြင်ရတာ ကျွန်မအဘွားကို သတိရစေသည်။တကယ့်ကို ဗျစ်တောက်ဗျစ်တောက်နှင့်…ဒါပေမယ့် နွေးထွေးသည်။

"သက်သာရဲ့လား မမေ…သော်တာ ထင်တာတော့ မသက်ကြောင့် ပိုပြီး ခေါင်းမူးလာတယ်မလား"

"အမယ်…သော်တာစုတ် ငါကြောင့်ဘာလို့ ပိုမူးရမှာလဲ"

အပြင်က အခုမှပြန်လာဟန်တူသည့် သော်တာက ရောက်ရောက်ချင်း သတင်းမေးသလိုလိုနှင့် အသက်ကိုစသည်။
သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ။

"မမေကြည့်ရတာ နားချင်သေးပုံပဲ။လာပါ မသက်ရယ် ပွစိပွစိလုပ်နေတာ ရပ်ပြီး မမေကို ပေးအိပ်လိုက်ပါဦး"

သော်တာ လက်ကိုလမ်းဆွဲပြီး ခေါ်သွားမှ ယက်ကန်ယက်ကန်နှင့်ပါသွားသည်။ဒါတောင် သွားခါနီး စောင်ခြုံပြီးအိပ်နော်…တံခါးပိတ်ဦး စသည်ဖြင့် နိုင်သလောက်လေး ဆရာလုပ်သွားသည်။

သူတို့ထွက်သွားပြီဆိုတော့မှ အခန်းမီးကိုမှိတ်ပြီး စောင်ကို ခေါင်းအထိခြုံကာ အိပ်ဖို့ပြင်လိုက်သည်။

အိမ်မက်ဆိုး မမက်ပါစေနှင့်။

~~~~~~~~~~

မထွက်သွားပါနဲ့။ကျေးဇူးပြု၍ ကျောမပေးလိုက်ပါနဲ့။
ရှင့်ကျောပြင်ကို ငေးပြီးကျန်ခဲ့ရတာ ဘယ်လောက်ထိရင်နာဖို့ကောင်းလဲ သိရဲ့လား။
ဒါပေမယ့် သူက အမြဲကျွန်မကို လျစ်လျူရှုခဲ့သည်ပဲ။
တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့။
တဖြည်းဖြည်းဝေးသွားချိန်မှာ မှီလိုမှီငြားလှမ်းဆွဲလိုက်သော လက်ထဲ ဗလာသက်သက် လေငွေ့လေးသာပါလာပြီး
နှစ်ယောက်ကြားက အက်ကြောင်းက ချောက်နက်ကြီးအဖြစ် တဖြည်းဖြည်းကြီးထွားလာသည်။
ဒီလိုနဲ့ပဲ ကျွန်မတို့ဝေးကြမှာလား။

ရင်ကွဲနာ~Where stories live. Discover now