"SIRENS CALLING"

1.6K 193 25
                                    

ပင်​လယ်​ကမ်းစပ်​မြို့​လေးတစ်​မြို့မှ အရက်​ဆိုင်​ တစ်​ဆိုင်​တွင်​ ဖြစ်​သည်​။

"ဟားဟားဟား........ ခင်​ဗျားတို့ကလည်း ဟုတ်​မှလဲ လုပ်​ပါဗျာ..... ဘယ်​နှယ့်​..... ပင်​လယ်​ပြင်​မှာ သူ့ဟာသူ မုန်​တိုင်းတိုက်​လို့ သ​င်္ဘောပျက်​တာ ဆန်းလားဗျာ..... ဒါကို Siren​တွေ​ရေသူမ​တွေနဲ့ မဟုတ်မဟတ်​​​ဇာတ်​လမ်းလုပ်​​ပြော​နေ​သေးတယ်​........."

Sehunရဲ့ ဟားတိုက်​ရယ်​​မောသံ​ကြောင့်​ သ​င်္ဘောသားအိုကြီးရဲ့ ဇာတ်​လမ်းကို စိတ်ဝင်တစား​​နား​ထောင်​​နေသူများအားလုံး သူ့ကို လှည့်​ကြည့်​လာခဲ့ကြသည်​။

"ဘာလဲ..... ကျွန်​​တော်​ ​​ပြောတာ မဟုတ်​လို့လား...... ပင်​လယ်​ပြင်​ပဲဗျာ..... ဘယ်​မှာ အစိုးရမှာ မို့လို့လဲ...... သူ ​လေငြိမ်​ချင်ငြိမ်​​နေမယ်​ မုန်​တိုင်းကျချင်​ ကျမယ်​...... ဘယ်​သူက ထိန်းချုပ်​နိုင်​မှာ မို့လို့လဲ......."

သ​င်္ဘောသားအိုကြီးက Sehunအား ခပ်​မာမာကြည့်​ပြီး

"ဒီမှာ ​ကောင်​​လေး..... ငါ့စကားကို မင်း ယုံချင်​ယုံနိုင်​တယ်​....... မယုံလို့လည်းရတယ်​...... ဒါမဲ့ ငါ​ပြော​နေတာ​တွေက ​လျှောက်​​ပြော​နေတာ မဟုတ်​ဘူးကွ...... Sirenဆိုတာ တကယ်​ရှိတယ်​....."

Sehun ထိုလူကြီးရဲ့စကားကို ​နောက်​တစ်​ခါ ရယ်​လိုက်​ရင်း ပုခုံးတွန့်​ပြကာ ဆိုင်​ထဲက ထွက်​ခဲ့လိုက်​သည်​။

Sehunမှာ ဖိနပ်​ချုပ်​သမားတစ်​​ယောက်​ဖြစ်​သည်​။ သူ​နေထိုင်​သည့်​မြို့​လေးမှာ အကြီးကြီးမဟုတ်​​သော်​လည်း ပင်​လယ်​ကမ်းစပ်​မြို့​လေးဖြစ်​သည်​မို့ သ​င်္ဘောနှင့်​ သ​င်္ဘောသားတို့ အ၀င်​အထွက်​များလှသည်​။ ထိုသို့ အ၀င်​အထွက်​များသည်​နှင့်​အတူ အဓိပ္ပါယ်​မရှိ​သော ပင်​လယ်​ပြင်​မှ ပုံပြင်​ဇာတ်​လမ်းများလည်း ပါလာတတ်​ကြသည်​။

"လူ​တွေလည်း ရယ်​ရသား​......."

"​ဟေ့..... တစ်​​ယောက်​တည်း​ ဘာ​တွေ ​ရေ​ရွတ်​​နေတာလဲ........"

The Siren's Call Where stories live. Discover now