"Sehun......! မင်း ဒီမှာ လာထိုင်နေပြန်ပြီလား"
Sehun Jongdae၏ စကားကို လျစ်လျူရှုကာ ပင်လယ်ဘက်ကို မျက်နှာမူ၍ ထိုင်မြဲထိုင်နေခဲ့သည်။
အဲ့ဒီနေ့က သူ ရေနစ်သွားခဲ့တာ အသေအချာပင်။ သို့သော် Jongdae၏ စကားအရဆို Sehunကို သူ ရှာတွေ့ချိန် သူ တစ်ယောက်တည်း ကမ်းစပ်မှာ သတိလစ်နေခဲ့ခြင်း ဖြစ်ကာ သူ့အား ကယ်ခဲ့သူမှာ ဘယ်သူဘယ်ဝါမှန်းမသိရပေ။
အဲ့ဒီအချိန်က သူ တကယ်ပဲ Jonginကို တွေ့လိုက်ရတာလား......။ သူ့ကို Jongin ကယ်ခဲ့တာလား.......။
ဦးနှောက်က မေးခွန်းတွေများနေပေမဲ့ Sehun၏ အတွင်းစိတ် တစ်နေရာတွင်တော့ Jongin ဆိုတာကို အတိအကျ သိနေခဲ့သည်။
"Jongdae"
သူ့ဘေးတွင် ၀င်ထိုင်လိုက်သော Jongdaeအား ခေါ်ရင်း
"ငါ မင်းကို Siren ဆိုတာ တကယ်ရှိတယ်လို့ ပြောရင် မင်း ယုံမလား......"
"ဟမ်....."
"အဲ့ဒီ sirenကို ငါ တွေ့ဖူးတယ်လို့ ပြောရင်ရော....... မင်း ယုံမလား......."
Jongdae တစ်ယောက် Sehunကို တအံ့တဩ ငေးကြည့်နေရာမှ
"မင်း ရေနစ်တုန်းက ကျောက်တုံးနဲ့ ခေါင်းနဲ့များ ဆောင့်မိခဲ့သလား Sehun....... Sirenဆိုတာ တကယ်မရှိပါဘူးလို့ တစ်သက်လုံး ပိတ်ငြင်းလာတဲ့ကောင်က ထူးထူးဆန်းဆန်းတွေ လာပြောနေတယ်..... မင်း...နေတော့ ကောင်းပါတယ်နော်......."
"ဒါမဲ့ ငါ တကယ် တွေ့ခဲ့တာလေ...... စကားလည်း ပြောခဲ့ဖူးတယ်........"
"Sehun......"
ထို့နောက် Sehun ဘာမှ ဆက်မပြောတော့ပဲ ပင်လယ်ပြင်ကြီးကိုသာ ဆက်ပြီး ငေးကြည့်နေလိုက်သည်။
တစ်ခါလောက်တောင် ပြန်မတွေ့ရတော့ဘူးလား....Jongin.......။
Jongin ထွက်သွားသည့် နေ့မှစ၍ အချိန်တွေဟာ ပိုနှေးနေသလိုပင်။
Sehun ချုပ်စရာရှိသော ဖိနပ်များ ချုပ်ပြီးသည်နှင့် သူ့မှတ်ဥာဏ်ထဲမှ Jongin၏ ပုံရိပ်များကို အဖြူရောင်စာရွက်ပေါ်တွင် ပြန်လည် အသက်သွင်းရင်း တစ်နေ့တာကို ကုန်ဆုံးသည်။
DU LIEST GERADE
The Siren's Call
FanfictionThe light hits the water, a voice from the sea ~a haunting melody~ Crystalline caves where the tide sits neck deep ~a hollowed heaven where two lovers meet~ #sekai #kaihun #oneshot