Ep-9

998 121 20
                                    

"သတင်းထူး...သတင်းထူး"

"ဘာလဲ... ဘယ်သူ့အကြောင်းလဲ..."

"Taeyeon Sunbae... အကြောင်း"

အတန်းထဲကကောင်မလေးတွေ ဆူညံဆူညံလုပ်နေသည်အထိ Yoona တစ်ယောက် မသိလိုက် မသိဘာသာ နေသည်... Taeyeon Sunbae ဆိုမှ အနားတိုးကပ်ကာ စပ်စုသည်...

"Sunbae ကို မနေ့ကကောင်မလေး တစ်ယောက်နဲ့ နှစ်ယောက်တည်း တွေ့ခဲ့တယ်..."

"ဘာ... နှစ်ယောက်တည်းလား...သူ့သူငယ်ချင်းတွေ မပါဘဲ..."

"ဟုတ်တယ်... နှစ်ယောက်တည်း... အဲ့ဒါကြောင့် သတင်းထူး ပါဆို..."

ပြောပြောဆိုဆို ကောင်မလေးက ဓာတ်ပုံထုတ်ပြသည်...

"Daebak...နောက်ဆုံးတော့ Sunbae က official တွဲပြီလား...မိန်းကလေးပဲ... အားကျလိုက်တာ..."

ရည်းစားများတာ မဟုတ်ပေမယ့် သူ့ကို ကြိုက်ကြတဲ့ ကောင်မလေးတွေနဲ့ လျှောက်သွားနေကြဆိုတော့ Tae က ရှုပ်တဲ့ ပုံစံ ဖြစ်နေလေသည်... အခုကတော့ တကယ်ကို Date နေတဲ့ ပုံစံဆိုတော့ ကောင်မလေးတွေမှာ အားကျ၍ မဆုံး...

ထိုကောင်မလေးတွေက Tae ကို Crush နေကြသော ကောင်မလေးတစ်စု.. တစ်ခါတစ်ခါ Oppa လို့ပင် ခေါ်ကြသေးသော ကောင်မလေး အုပ်စု... Tae တစ်ယောက်က Handsome ဆိုသည့်ဘက်တွင် ပါနေတော့ အဲ့သလို ကောင်မလေးတွေကကို အသည်းအသန် ကြိုက်ကြတာ... (ကိုယ်အပါအဝင်😌)

Yoona တစ်ယောက်တော့ ဓာတ်ပုံကြည့်ပြီး မှိုင်တွေသွားရကာ သူ့ခုံဆီကို ပြန်လာသည်...

"အားကျပေမယ့်လည်း ငါတို့ Oppa ပါသွားတော့ နှမြောလိုက်တာ..."

ကောင်မလေးတစ်ယောက်က ညည်းသည်...

"ဟုတ်တယ်...ငါတို့ Oppa ကို ချစ်လို့တောင် မဝသေးဘူး..."

တခြားလူကြားရင် Tae အကြောင်းပြောနေတယ် ထင်မှာမဟုတ်... တ Oppa တည်း Oppa နေသည်... အဲ့လို Handsome သူပါလေ...

Yoona တစ်ယောက်ကတော့ အသည်းကွဲနေလေပြီ... သူ့ Sunbae သေးသေးလေး ရည်းစားရသွားပြီလေ...

****

ပါးစပ်မှာ ပေါင်မုန့်ခဲကာ အားကြိုးမာန်တတ် လိုက်ငမ်းတဲ့ နောက်ကို Seohyun တစ်ယောက် ပါလာပြန်ပါပြီ...

Yes..Teacher..I'm Your Cute PupilWhere stories live. Discover now