Ep-11

192 20 0
                                    

"Taeyeon Sunbae"

အသံကြားရာ လှည့်ကြည့်လိုက်တော့ Yoona...

Tae ::: Awwn Yoona ah....

ချိုချိုသာသာလေး နာမည်ခေါ်လိုက်ကာမှ မျက်စောင်းတစ်ချက်က ဒိုင်းခနဲ... အရည်ပျော်ကျမလို ခန္ဓာကိုယ်ကို တစ်ချက်ထိန်းကာ နဂါးမျက်စောင်းကို မမြင်ချင်ယောင်ဆောင်ပြီး ကလေးမကိုနူတ်ဆက်ရသည်... မနူတ်ဆက်ရင်လည်း မကောင်းဘူးမလား...

Yoona:::Sunbae.... မတွေ့တာတောင် ကြာပြီ... ဘယ်လာတာလဲ...

Tae ::: ရုပ်ရှင်လာကြည့်တာ ... Yoona ကရော...

Yoona ::: သူငယ်ချင်းနဲ့ ချိန်းထားလို့... တူတူပဲ ရုပ်ရှင်လာကြည့်တာပဲ... ဒီဘက်က...

Fany ကိုကြည့်ရင်း ပြောလိုက်တာမို့ Tae ကလည်း မဆိုင်းမတွပဲ

Tae ::: Unnie ရဲ့ ကောင်မလေးလေ.. တွဲနေကြတာ...

Fany ကလည်း ခေါင်းလေးညွတ်ကာ နူတ်ဆက်လိုက်တော့ Yoona ကလည်း ခေါင်းလေး ပြန်ညွတ်ပြကာ နူတ်ဆက်လိုက်သည်.. Yoona က ပြုံးပြသော်လည်း Fany မျက်နှာက ခပ်တင်းတင်းမို့ Yoona မှာ ကြောင်တောင်တောင်လေး ဖြစ်နေစဉ်...

"Yoona ah..."

အသံလာရာ Yoona ကြည့်လိုက်တော့ Juhyun ဖြစ်နေသည်...

"Juhyun na..."

အသံ ထွက်လာတာက Yoona ရော Fany ဆီကရော ပြိုင်တူ ဖြစ်နေလေသည်...

Juhyun ::: Fany unnie...

Juhyun က ယောင်နနလေး ခေါ်လိုက်ပြီး ပတ်ဝန်းကျင်ကြိ အကဲခတ်လိုက်တော့ Tae ပါရှိနေတာမို့ ဘယ်လို ဆက်ဆံရေးမျိုး ဆိုတာကို တွေးမိနေစဉ်....

Tae ::: ဒီဘက်ကတော့ သိနေပြီးသား ထင်တယ်... ဒါက Yoona လေ.. ကျောင်းက hoobae...

Tae ကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောသည်...

Juhyun ::: Unnie ကဘယ်ကို လာတာလဲ...

Fany ::: ရုပ်ရှင်ရုံကို ... သူက Juhyunie ရဲ့ သူငယ်ချင်းလား...

Juhyun ကခေါင်းညိတ်ပြရင်း

Juhyun ::: ဟုတ်တယ်... Unnie ရဲ့ သူနဲ့ ချိန်းထားလို့....

Yoona ::: Juhyun na...ငါတို့ သွားရအောင်လေ....

Yoona က Juhyun ကို လက်တို့ရင်း ပြောသည်...

Yoona ::: Taeyeon Sunbae... သွားပြီနော်...

Yes..Teacher..I'm Your Cute PupilWhere stories live. Discover now