Dear November..

120 14 0
                                    

အချိန်​ကြာတာနဲ့အမျှ ပိုနီးစပ်​လာကြတယ်​ဆိုတဲ့စကားဟာ
ကိုယ့်​အတွက်​​တော့ မှားယွင်းလွန်းပါတယ်​..
နိုဝင်​ဘာရယ်

မျှော်​လင့်​ချက်​​တွေကို​အိမ်​မက်​​တွေနဲ့
ထပ်​​ပေါင်းကြည့်​​တော့..ပြန်​ရလာတာ..
ကိုယ့်​အသက်​မဲ့တဲ့ဝိညဉ်​​ပါ..

ဘယ်​အရာ​မှ...ကိုယ့်​အတွက်​​တော့..
မလွယ်​ကူခဲ့ပါဘူး..
အမှန်​တရား​တွေဟာ..ကိုယ့်​အတွက်
ဘယ်​တုန်းကမှမချိုမြိန်​ခဲ့ဖူးဘူး..နိုဝင်​ဘာ
ေ​နာက်ဆုံး​တော့ ကိုယ်​တို့ တဖြည်းဖြည်း 
ဝေးကွာလာခဲ့ကြပြီပဲ..

အရာအားလုံး​ပြောင်းလဲနိုင်​ခဲ့ပြီလို့
ရေရွတ်​​နေ​ပေမဲ့...
အမှန်​​တော့..ကိုယ်​ဟာဒီ​နေရာမှာပဲမတုန်​မလှုပ်
ရှိ​နေတုန်းပဲ..ရပ်​​နေတုန်းပဲဆိုတာကို...
နားလည်​ဖို့..အချိန်​​တွေ
ဘယ်​​လောက်​​တောင်​စ​တေးခဲ့ရသလဲ..

ရပ်​တန့်​ပစ်​လိုက်​​တော့မယ်​ဆိုတဲ့စိတ်​​တွေနဲ့ပဲ
ပြောင်းလဲလာတဲ့နှစ်​​တွေ...
တစ်​စစီ​ပျက်​စီးလာတဲ့ကိုယ့်စိတ်​ဆန္ဒ​တွေ..
အခိုးအ​ငွေ့ဆန်​တဲ့..ကိုယ့်​အိမ်​မက်​​တွေရယ်​...

ပျော်​ရွှင်​ပါ​စေ...နိုဝင်​ဘာ​ရေ..
ကိုယ့်​နာကျင်​မှု​တွေကြား..မင်း​ပျော်​ရွှင်​ပါ​စေ..

~My Dear~Donde viven las historias. Descúbrelo ahora