Untitled...(1)

45 5 0
                                    

အမှန်တရား​​တွေကဘယ်တုန်းကမှ
လက်သင့်ခံချင်စရာမေ​ကာင်းခဲ့ဘူး
တစ်​ကယ်​ဆို..အစတည်းက
အရာအားလုံးမှားယွင်း​နေခဲ့တာဖြစ်​မယ်
မင်း​ရော..ကိုယ်​​ရော..
ချစ်​ခြင်းတရား​တွေ​ရော...

ဘယ်အရာမှ ကိုယ့်အတွက် မလွယ်ကူခဲ့ဘူး...
အသက်ရှူထုတ်ရတာကအစ...မင်းကိုချစ်ရတာအဆုံးပေါ့...
ကိုယ်အိမ်မက်တွေမက်တယ်...
အိမ်မက်ထဲမှာ...မင်းကိုတွေ့တယ်...
ဖမ်းဆုပ်​တိုင်း​ပျောက်​ကွယ်​သွားတတ်​တဲ့
မင်း​ပေါ့။

ဘုရားသခင်ရဲ့ မဟာဂရုဏာမဲ့
မျက်နှာလွှဲမှုတွေပေါ့
ကိုယ်တို့နှစ်ယောက်...
တစ်သက်လုံးဝေးပြီးရင်းဝေးတော့မယ်ဆိုတာ
သိလိုက်ရတဲ့အချိန်ကစပြီး
ကိုယ်တော့ညတိုင်း...
ကြယ်တွေစ​ငေးမိ​တော့တာပဲ...

ဘ၀မှာအခက်ခဲဆုံးက
မင်းကိုဆက်ချစ်နေဖို့ပဲ...
လူတစ်ယောက်ကလူတစ်ယောက်ကို ဘယ်လောက်အချိန်ကြာကြာအထိ
ငေးကြည့်နိုင်မယ်ထင်လဲ..ဟန်နီ...
အဖန်တစ်ရာထပ်နေတဲ့မေးခွန်းပေမယ့်
အခုချိန်ထိကိုယ့်အတွက်​​အဖြေမရှိခဲ့ဘူး

မင်းနားမှာပဲ...ရုပ်နာမ်မရှိတဲ့အပိုင်းအစလေးဖြစ်ချင်တယ်...
လွင့်မျောရင်းနဲ့တစ်ခါတစ်လေ
မင်းများဖမ်းဆုပ်လိုက်လေမလား
မျှော်လင့်ချက်​လေးနဲ့...

ကိုယ့်ဘ၀တစ်ခုလုံးကို...မင်းနဲ့စပြီးမင်းနဲ့ပဲအဆုံးသတ်ချင်တယ်...
ကိုယ့်တစ်နေ့တာအကြောင်းကို
မင်းကိုပြောပြချင်တယ်...
စာအုပ်တွေဖတ်ပြီးမင်းနဲ့ဆွေးနွေးချင်တယ်...
ွှဘဝခရီးအတွက်​...မင်းဆီက
အကြံဥာဏ်​တွေယူပြီး​ရှေ့ဆက်​​လျှောက်​ချင်​တယ်
ကိုယ့်အတွက်ရည်ရွယ်တဲ့
မင်းအပြုံးထဲမှာပဲကိုယ့်ကမ္ဘာပျက်စီးချင်တယ်...
ဒီလိုပါပဲ..
အိမ်မက်တွေကအခိုးအငွေ့ဆန်တယ်.
မင်းသိတဲ့အခါအမိုက်အမဲလေးဆိုပြီးဆုံးမစမ်းပါ။

ချစ်ခြင်းတရားတွေက...တဖြည်းဖြည်းရှုပ်ထွေးလာတယ်...
ငေးကြည့်ရုံနဲ့မလုံလောက်တော့တဲ့
အခြေအနေတွေကို..ကိုယ်
ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဆိုတာ
မင်းကိုသိစေချင်တယ်။
ဘ၀ရဲ့သွေးအပျက်ရဆုံးအချိန်တွေပါ...
အချစ်ရယ်
တဖြည်းဖြည်း...ကိုယ်နားလည်ထားတဲ့
ချစ်ခြင်းတရားတွေကယိုယွင်းလာသလိုပဲ...

ငေးကြည့်ရင်းနဲ့ဘယ်လိုရှင်သန်ရပါ့မလဲ...
မင်းကိုအလိုအပ်ဆုံးအချိန်တွေ ကိုယ့်မှာရှိတယ်
ဘယ်သူမှမရှိရင်တောင်မှ
မင်းတစ်ယောက်တော့
ဘေးနားရှိပေးရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့
စိတ်ကူးတွေကိုယ့်မှာရှိတယ်...
လေလွှင့်နေတဲ့စိတ်ဝိညာဉ်နဲ့
ဲယိုယွင်းနေတဲ့ကိုယ်ပါ
တစ်နေ့တစ်နေ့ မင်းကိုတမ်းတရင်း
ပျောက်ကွယ်သထက်ပျောက်ကွယ်လာတာကို
ထိုင်ကြည့်နေရတယ်...

ကိုယ့်ဝဋ်ကြွေးတွေဆိုတာမျိုးက အသိအမှတ်ပြုခြင်းမခံရတဲ့
ချစ်ခြင်းတရားတွေ...
တောင်းတိုင်းမပြည့်တဲ့ ဆုတောင်းတွေ...
မဖြစ်နိုင်တော့တဲ့ စိတ်ကူးတွေ...
ပြီးတော့.... မင်းပေါ့  ဟန်နီ။

You've reached the end of published parts.

⏰ Last updated: Feb 16, 2019 ⏰

Add this story to your Library to get notified about new parts!

~My Dear~Where stories live. Discover now