Part-1

1.5K 96 0
                                    

''ဂျိမ်း ဂျလိန်း''

မိုးခြိမ်းသံသဲ့သဲ့ဖြင့် မှုန်မှိုင်းနေသော
ကောင်းကင်အား ကျွန်တော်မော့ကြည့်မိသည်
ကျွန်တော်နဲ့ စတင်သခင်ဆုံတွေ့ခဲ့သည်
ကလည်း ဒီလို အချိန်မျိုးမှာဖြစ်သည်

ခပ်အေးအေးရာသီဥတုကြောင့် မေမေ့ရင်ခွင်
ထဲ ပူးကပ်တိုးဝှေ့နေသော ကျွန်တော့်အား
သခင်ကပြုံး၍ကြည့်နေခဲ့သည်

သခင့်အပြုံး

သခင့်အပြုံးများကို
ကျွန်တော်သဘောကျသည်
နွေးထွေးနူးညံ့သည်

အပြုံးတခုသည်ကား လူတယောက်၏
အတွင်းစိတ်ကို ထင်ဟပ်ပြလေ့ရှိသည်ဟု
ကြားဖူး၏
ဒါဆို ကျွန်တော့်ရဲ့သခင်သည်လည်းပဲ
နွေးထွေးနူးညံ့သူတဦးဖြစ်မည်ထင်သည်

မဟုတ်
သခင်သည်ကား အမှန်တကယ်ပင်နွေးထွေး
နူးညံ့သူတဦးဖြစ်သည်

ကျွန်တော် ခြောက်လသားအရွယ်တွင်
ဘာသာဘာဝအရ ကျွန်တော် ကိုယ့်ဘာသာ
ရပ်တည်ရန်လိုအပ်လာပေပြီ

အရင်လို မိခင်ရင်ခွင်တွင်ချွဲနွဲ့နေလို့မရတော့
ညီအကိုတွေနဲ့အတူပြေးလွှားဆော့ကစား
နေလို့မရတော့
ပထမဆုံး ကိုယ့်ဘာသာရပ်တည်ဖို့အတွက်
ခြေလှမ်းကိုလှမ်းဖို့ မဝံ့ရဲပေ

ထိုအချိန်တွင် ကျွန်တော့်အားနွေးထွေး
စွာ ကြိုဆိုခဲ့သူက သခင်ပင်
နွေးထွေးသော လက်အစုံက ကျွန်တော့်ထံ
သို့ ကမ်းလင့်လာခဲ့သည်

ထိုအချိန်တုန်းက ကျွန်တော်သည် သခင့်ကို
မယုံကြည်ရဲခဲ့
တွန့်ဆုတ်နေသော ကျွန်တော့်ကိုသခင်က
နွေးထွေးစွာပင် ကောက်ယူထွေးပွေ့ခဲ့သည်
မရင်းနှီးသော အထိအတွေ့ကြောင့် ရုန်းဆန်
ခဲ့ပေမဲ့ ကျွန်တော့်မေမေကဲ့သို့ နွေးထွေးသော
ရင်ငွေ့နွေးနွေးကြား နေသားကျလာသည်

ထို့နောက်
ကျွန်တော်ပတ်ဝန်းကျင်သစ်
နေရာသစ်တွင် ဘဝသစ်တခုကို
စတင်ရတော့မည်မှန်းသဘောပေါက်လာ
သည်
မိသားစုဝင်အသစ်တွေပြောင်းလဲသွားပြီး
နေထိုင်မှုပုံစံတွေလဲပြောင်းလဲသွားပေမည့်
ကြုံဆုံရင်ဆိုင်ရမည့်
ဘဝတခုကို စိတ်လှုပ်ရှားနေမိသည့်
ကျွန်တော်သည် ထိုအချိန်က
သခင်သည် ကျွန်တော့်ရဲ့ဘဝဖြစ်လာမည်
ဟု ရေးရေးပင်မတွေးမိခဲ့ပေ

စောင့်မျှော်နေမိပါတယ်...သခင်Where stories live. Discover now