Part-2(Finale)

935 99 17
                                    

လောကမှာ ကံကြမ္မာအချိုးအကွေ့တွေဟာ
ဆန်းကျယ်လွန်းတယ်လို့ပဲပြောရမလား

ကျွန်တော်နဲ့သခင်
အေးချမ်းတဲ့နေ့ရက်တွေကို ပုံမှန်ဖြတ်ကျော်
နေတုန်း ''ဗြုန်း"ဆို ကံကြမ္မာ လှည့်ကွက်တခု
ဖြစ်လာတယ်

သခင်ကျောင်းမှာ မူးလဲသွားတယ်
သတိလစ်နေတုန်းပဲဆိုတဲ့သတင်းက
တအိမ်လုံးကို ပွတ်လောရိုက်သွားစေတယ်
ဒီရက်ပိုင်း သခင့်ကိုယ်သင်းရနံ့တွေ ဖျော့
တော့နေတဲ့အကြောင်းအရင်းက ဒါပဲထင်ရဲ့
အလယ်တန်းကျောင်းသူ ဖြစ်နေတဲ့သခင်
ဟာ ကျောင်းချိန်တွေစောလာသည့်အတွက်
စောစောထ စောစောပြင်ဆင်ကာ
အလုပ်တွေပိုလာသည်

သခင်ဒီလိုဖြစ်ရသည့်အကြောင်းရင်းကို
သိသွားကြတော့ တမိသားစုလုံး တိတ်ဆိတ်
ငြိမ်သက်နေကြသည်

''မွေးရာပါ နှလုံးအားနည်းသည့် သခင်သည်
ကား ယခု နှလုံးအခြေအနေပိုဆိုးလာသည်''တဲ့
နောက်ပိုင်း သခင့်အိမ်သားတွေက သခင့်ကို
ကျောင်းမတက်ခိုင်းတော့ပဲ အိမ်မှာပဲ
နေစေသည်
သူစိမ်း( ဆရာ)ဆိုသူတွေလာကာ သခင့်ကို
လာသင်ပေးသည်ဆိုလား လုပ်ကြသည်
သခင်သည်လည်း စာမေးပွဲ
ဖြေသည်ဟူသောအချိန်မှသာ ကျောင်းသွား
တော့သည်

ကျွန်တော့်အတွက် သခင်နှင့်ပိုနေချိန်ရမိလို့
ပျော်ရွှင်မိပေမဲ့ သခင်ကတော့
အပြုံးအရယ်တွေက အရင်ကလို
လတ်ဆတ်တက်ကြွမနေခဲ့
သို့သော် သခင့်အပြုံးများကို
ကျွန်တော်ချစ်ဆဲပင်....

****
ပိုမိုကြီးမားသော ကံကြမ္မာထိုးနှက်ချက်တခု
က သခင်အထက်တန်းကျောင်းသူဘဝတွင်
ကျရောက်လာခဲ့သည်

သခင့်၏မိခင် ရုတ်တရက်ဆုံးပါးသွားခဲ့သည်
မတော်တဆမှုဖြင့် ဆုံးပါးသွားတာကြောင့်
ရုတ်တရက်ကြီး သူမကမ္ဘာမှထွက်သွားသော
မိခင်အဖြစ်အား သူမလက်မခံနိုင်ခဲ့
မိခင် အဖြစ်ကို သတိလစ်သွားသော
သခင့်အား ဘေးနားမှအော်ခေါ်နေသော
ကျွန်တော်သည်ကား အော်ခေါ်နေရုံမှလွဲ၍
တတ်နိုင်တာမရှိ
သခင့်ဖခင်တွေ့သွားမှသာ ကျွန်တော်
ရပ်တန့်မိသည်
ဂနာမငြိမ် လှည့်ပတ်နေရုံကလွဲ၍ ကျွန်တော်
ဒီထက် ဘာမှမလုပ်နိုင် မလုပ်တတ်ပေ
ထိုသို့ဖြစ်ပြီး နောက်ပိုင်း သခင်မရယ်တော့ပေ
ကျွန်တော့်ကို ပြုံးပြလေ့ရှိနေသေးသော်လည်း
ကျွန်တော်ချစ်သော အပြုံးများမဟုတ်တော့
သည်က သေချာပါသည်

စောင့်မျှော်နေမိပါတယ်...သခင်Where stories live. Discover now