Ep 1

78 1 0
                                    





xing ပြတင်းပေါက်နားထိုင်ငေးနေတုန်း နောက်ကနေ oppa က

' xing ah! oppa တို့ မနက်ဖြန်ပျော်ပွဲစားထွက်ရအောင် xing  ကြိုက်တဲ့ကမ်းခြေကိုလေ '

oppa ခေါ်တော့ xing ထုံးစံတိုင်းငြင်းမိသည် သူမအပြင်မထွက်တာတော်တော်ကြာခဲ့ပီလေ သူမရဲ့စိတ်တွေကလွန်ခဲ့တဲ့သုံးနှစ်က accident နဲ့သေဆုံးခဲ့တဲ့ suho oppa နဲ့အတူသေဆုံးခဲ့ပီပဲ သူမကြောင့်ဆိုတဲ့စိတ်က ခုထိ ကိုယ့်ကိုယ်ကို  ဖြေသိမ့်လို့မရခဲ့
တွေးမိတိုင်း အဲ့မြင်ကွင်းက ခုထိသူမကိုထိတ်လန့်စေတုန်း
ခုလဲ ထိုင်နေရင်းနဲ့ အတွေးတွေက လွန်ခဲ့တဲ့ သုံးနှစ်ကိုပြန်ရောက်သွားသည်
/\_/\_/\_/\_/\_/\_

The Last Three Years

လမ်းပေါ်မှာ ကားလေးတစ်စီးထဲ အရှိန်မှန်မှန်နဲ့ ပြေးနေသည် ပင်လယ်နဲ့တဖြေးဖြေးနီးလာတော့ ပင်လယ်ကိုဖြတ်ပီးတိုက်လာတဲ့လေတွေကတဖြူးဖြူး ရာသီဥတုကလဲပျော်ပွဲစားထွက်ဖို့အနေတော် ပဲဖြစ်သည် အပြင်မှာတော့အေးချမ်းနေပေမဲ့ ကားထဲကသူတို့စုံတွဲကတော့ မအေးချမ်းနိုင်

Suho-xing ah! mian စိတ်မဆိုးနဲ့ကွာ
ကိုယ် xing ရဲ့ oppa ကို လိုက်တွေ့မယ် ဟုတ်လား ဒါမယ့် ခုတော့မဟုတ်သေးဘူး မတွေ့ချင်လို့လဲမဟုတ်ဘူး ကြောက်လို့လဲမဟုတ်ဘူး ကိုယ့်အနေနဲ့ xing ရဲ့လက်တွဲဖော် ဖြစ်ဖို့ မပြည့်စုံသေးဘူးလို့ထင်တာတခုပဲ ကိုယ်ကြိုးစားနေတယ် xing အတွက် ကိုယ့်ယောက်ဖရှေ့မှာ ရဲရဲဝံ့ဝံ့ ရပ်နိုင်တဲ့တနေ့ xing မခေါ်လဲကိုယ်လိုက်တွေ့မယ် အဲ့ဒါလေးတော့ ကိုယ့်ကိုယ်နားလည်ပေးပါ

xing- မဟုတ်သေးဘူး suho oppa
xing ရဲ့ oppa က အဲ့လောက်ထိသဘောထားမသေးသိမ်ပါဘူး ပြီးတော့ အခုဟာက လက်ထပ်ဖို့ခေါ်တွေ့တာမဟုတ်ဘူး xing မှာတွဲနေတဲ့လူရှိတယ်ဆိုတာ သိသွားတာနဲ့ တခါလောက်တွေ့ချင်တယ်ဆိုရုံပဲ သူ့မှာဒီညီမတစ်ယောက်ထဲရှိတာလေ

Suho- ok ကိုယ်အဲ့ဒါကိုနားလည်တယ် ဒါပေမဲ့ ကိုယ်ပြောတာက ကိုယ်ပြည့်စုံမှ တွေ့ချင်တယ်လို့ပြောတာ xing လဲ ကိုယ့်မာနကိုသိသားနဲ့ xing နဲ့ကိုယ်က ဒီလောက်ထိအခြေနေကွာခြားတာ ဘယ်သူမှမခွဲခြားလဲ ကိုယ်ခွဲခြားတယ်

Love is...Where stories live. Discover now