Ep 2

28 0 0
                                    


xing ငိုင်နေပြန်ပြီ သူကလဲသူပါပဲ
xing ရဲ့ မှတ်ဥာဏ်တွေ ညစ်ထေးစေခဲ့တဲ့ ကမ်းခြေကိုမှရွေးပြီးခေါ်မိတာကိုး ညီမလေးကအဲ့လိုပါပဲ အရင်ကအကြောင်းတွေတွေးမိရင် အကြာကြီးငိုင်တွေသွားတတ်တာ ငိုတော့မငိုပါ Suho သေပြီးတဲ့နောက်ပိုင်း သူမငိုတာမတွေ့တော့
ညီမလေးရဲ့ခံစားချက်ကို Kris ကိုယ်ချင်းစာနိုင်ပါသည် သို့သော် ညီမလေးလဲ  သူ့ဘဝနဲ့သူရှိသင့်ပြီမဟုတ်လား အတိတ်ရေစီးကြောင်းထဲမှာမျှောနေလို့မဖြစ်တော့
သေတဲ့လူကသေသွားပေမဲ့ အသက်ရှင်ကျန်နေတဲ့သူကတော့ အသက်ဆက်ရှင်ဖို့ ကြိုးစားရပ်တည်ရဦးမည်
ဒါကြောင့် Kris နည်းမျိုးစုံသုံးပြီး ညီမလေးပုံမှန်ဘဝကို ပြန်လည်ပိုင်ဆိုင်ချင်လာအောင်ကြိုးစားနေခြင်းဖြစ်သည်
တနေ့မဟုတ် တနေ့တော့ ညီမလေးအရင်လိုပြန်ဖြစ်လာမယ်လို့ သူယုံကြည်သည်
_/\_/\_/\_/\_/\_/\_

Kris-xing ah! မနက်ဖြန် oppa တို့ မိဘမဲ့ဂေဟာသွားရအောင် oppa တို့ company က မိဘမဲ့ဂေဟာကို မနက်ဖြန်ကစပြီး ပိတ်ရက်တိုင်း လုပ်အားပေးသွားဖို့စီစဉ်ထားတယ် လိုက်ခဲ့နော် ဒီတခါတော့မငြင်းပါနဲ့တော့ ညီမလေးရယ် ညီမလေးလဲကလေးချစ်တတ်တာပဲ ပျော်စရာကောင်းမှာပါ နော် လိုက်မယ်မလား

oppa ပြောလာတော့ xing ခနတော့စဉ်းစားမိသည် suho oppa အတွက် တွေးပြီးတော့ဖြစ်ဖြစ် xing ပုံမှန်ဘဝထဲပြန်ရှင်သန်ရတော့မည် suho oppa က xing ငိုတာမကြိုက် ပြုံးနေမှသဘောကျသည် ခုထိ xing မရယ်မပြုံးဖြစ်သေးပေမဲ့ ငိုတော့မငိုပါ
အခုကစပြီး ပြုံးနိုင်ဖို့ xing ကြိုးစားတော့မည် ဒါမှ suho oppa သဘောကျမှာ

xing ခေါင်းညိတ်လိုက်သည်

xing-nae oppa. xing လိုက်မယ်

Kris-တကယ် တကယ်ပြောတာနော်
ဒါမှ ငါ့ညီမကွ ဝမ်းသာလိုက်တာညီမလေးရယ် oppa ဝမ်းသာလိုက်တာ

Kris မျက်ရည်ကျရတဲ့ထိကိုဝမ်းသာမိပါသည်
သူသိပ်ချစ်ရတဲ့ ညီမလေး အရင်လိုပြန်ဖြစ်လာဖို့လမ်းစပဲမဟုတ်လား
_/\_/\_/\_/\_/\_

The Next Day ....

kris's pov-

မိဘမဲ့ဂေဟာရောက်နေတဲ့ တစ်လျှောက်လုံး kris xing ကိုသတိထားကြည့်နေမိသည် အရယ်အပြုံးတော့မရှိပေမဲ့ အိမ်မှာနေတာထက်စာရင် မျက်နှာပိုပြီးတော့ကြည်လင်နေတာအမှန် ပြီးတော့ xing ကို သူတို့လာတိုင်း ခေါ်လာဖို့တလက်စတည်းဆုံးဖြတ်လိုက်သည်

xing's pov-

ကလေးချစ်တတ်တဲ့ xing ကလေးတွေနဲ့ တွေ့ရတော့ အရာရာကို ခနမေ့နေသလို စိတ်ထဲနေသာထိုင်သာရှိနေသည် လုပ်စရာရှိတာလုပ်ပြီး ထမင်းစားနားကြတော့ xing စားချင်စိတ်မရှိတာနဲ့ အပြင်ထွက်ခဲ့သည် အရိပ်ရတဲ့ အပင်အောက်သွားထိုင်မယ်အလုပ် အဲ့အပင်အောက်ကနေ ဖြတ်သွားတဲ့ တစ်ကိုယ်လုံး all black ဝတ်ထားတဲ့လူကိုတွေ့လိုက်တော့
့xing ရုတ်တရက် ကိုယ့်ကိုယ်ကိုတောင် သတိမထားလိုက်မိပဲ
ပါးစပ်ကလဲ နာမည်တစ်ခုကိုအော်ခေါ်နေရင်းနဲ့ ပြေးလိုက်သွားမိသည်

xing- oppa! suho oppa! oppa နေပါဦး ခနနေပါဦး oppa!

ရှေ့ကသွားနေသူကတော့ သူ့ကိုခေါ်တာမဟုတ်တဲ့ အတိုင်းခြေလှမ်းမပျက်
ရပ်ထားတဲ့ ကားအနက်နားရောက်တော့ ကားပေါ်တက်ပြီးထွက်သွားတော့သည်

_/\_/\_/\_/\_/\_/\_

TBC

Thank U.

Love is...Where stories live. Discover now