Chapter 2

172 27 0
                                    

Chapter 2 ရဲ့အစမှာ Golden Child Base Ball အဖွဲ့အ​ကြောင်း Author မိတ်​ဆင်​​ပေးချင်​ပါတယ်

Golden Child အဖွဲ့က Busan ​ကျောင်း​ပေါင်းစုံ လက်​​ရွေးစင်
အဖွဲ့ဖြစ်​ပြီး​တော့ Seoul ​ဆောင်းရာသီ အားကစားပြိုင်​ပွဲအတွက်
ကြိုတင်​​လေ့ကျင့်​ဖို့ Seoul ကို​ရောက်​လာကြတာပဲဖြစ်​ပါတယ်

Golden Child ရဲ့ အုပ်​ထိန်းသူ Leader က​တော့

Lee Daeyeol....

အဖွဲ့သား​တွေက​တော့

Y (Sungyoon)
Jaeseok
Jang Jun
Tag
Seungmin
Jibeom
Donghyun
Jaehyun
Joo Chan
Bomin.......

အဖွဲ့သား​တွေအကုန်​လုံးက စိတ်​တူကိုယ်​တူနဲ့
ဆောင်းရာသီအားကစားပြိုင်​ပွဲမှာ အနိုင်​ရဖို့ 2လ ကြိုပြီး Seoul မှာ လာ​ရောက်​​လေ့ကျင့်​​​နေကြတာပဲဖြစ်​ပါတယ်

(တစ်​​ယောက်​ချင်းစီရဲ့ Character ​တွေကို​တော့ ကျန်​တဲ့ Chapter ​တွေမှာ ​ဖော်​ပြသွားပါ့မယ်​ ✌..)

💫💫🌟🌟✨✨🌟💫💫💫✨✨🌟💫💫

အိမ်​ငှါးစာချုပ်​ချုပ်​ပြီးတာနဲ့ တပြိုင်​နက်
ညီအစ်​ကို 11 ​ယောက်​ ကိုယ့်​အဝတ်​ထုတ်​ ကိုယ်​ဆွဲပြီး
အိမ်​​ပေါ်​ပြောင်းလာ​နေကြ​တော့သည်

အိမ်​နားပတ်​ဝန်းကျင်​မှာရှိတဲ့ လူ​တွေက​တော့ သူတို့11​ယောက်​ကို
"ဘယ်​လို​ကောင်​​လေး​တွေပါလိမ့်​ ဒီ သရဲ​ခြောက်​ပါတယ်​ဆိုတဲ့
အိမ်​ကြီးကိုမှ​ပြောင်း​လာရဲကြတယ်" ဆိုပြီး
တအံတသြဝိုင်းကြည့်​ကြသည်

ဒါကို ​ကောင်​​လေး​တွေက သူတို့​ချောလို့ လူကြည့်​တာဆိုပြီး
ခေါင်း​မော့ရင်​​ကော့ကာ အိမ်​ထဲဝင်​ကြသည်

အိမ်​ထဲ​ရောက်​တာနှင့်​ တပြိုင်​နက်​ ဆူညံပွက်​​လောရိုက်​ပြီး အခန်း​ရွေးကြသည်

"ဟို အခန်းမှာ​နေမယ်​.....ဒီအခန်းဆိုကြိုက်​ဘူး"...ဆိုပြီး ရှုတ်​ရှက်​ခက်​သွား​တော့၏

"ကဲ..ကဲ..အားလုံး​အောက်​ထပ်​က ဧည့်​ခန်းကို လာကြ​ဟေ့"
Daeyeol က ​အော်​​ပြောသည်

တစ်​​ယောက်​မှမကြား

Daeyeol လဲ ထပ်​​အော်​သည်​.....
"​အောက်​ထပ်​ကို ခဏလာကြဦးဟ"

Is That Ghost!!! (တ​စ္တေတဲ့လား)Where stories live. Discover now