Chapter 6

99 23 7
                                    

"က​လေး​တွေ ဘာလာ​ပြောကြတာလဲ.." Jaehyun နဲ့ Bomin
အခန်းထဲက​နေထွက်​သွား​တော့ Jaeseok က သူ့မျက်​နှာကို
Toner လိမ်း​နေရင်းနဲ့ Y ကို ​မေးတယ်​...

Jaeseok က သူ့ အသားအ​ရေကို အရမ်းထိန်းသိမ်းတာ ...

တစ်​​နေ့​တစ်​​နေ့ လိမ်းလိုက်​လူးလိုက်​ ​ပေါင်းတင်​လိုက်​နဲ့...

Toner, Serum, Moisturizer, Face Mask, CC cream, DD cream, Lotion, Suncream
(​အောင်​မ​လေးဟဲ့ ​မောလိုက်​တာ 😅..) Jaeseok မသုံးတဲ့
Skincare ရယ်​လို့ဘာမှမရှိ......

(Reader တို့ မျက်​နှာကို ဘာလိမ်းရင်​​ကောင်းမလဲဆိုပြီး ​ခေါင်းစား
နေရင်​ Jaeseok နဲ့ တိုင်​ပင်​ကြည့်​လိုက်​ပါ..😝)..

Y က Jaeseok ရဲ့ မျက်​နှာကို ​သေချာစိုက်​ကြည့်​ရင်း
"....ဒီအိမ်​မှာ နှဘူးသရဲမ ရှိတယ်​လို့ လာ​ပြောကြတာ..."

"ဘာ...." Jaeseok အရမ်းအံသြသွားတယ်​...
Toner လိမ်း​နေတဲ့ cotton ဖတ်​​လေးကို​တောင်​ လန့်​ပြီး
ကြမ်းပြင်​​ပေါ် လွှတ်​ချမိသွားတယ်​...

ပြီး​တော့မှ ကိုယ့်​စိတ်​ကို ပြန်​ထိန်းလိုက်​ပြီး Cotton ဖတ်​ကို ပြန်​​ကောက်​ကာ မျက်​နှာကို ပြန်​ပွတ်​​နေတယ်​...
(ညစ်​ပတ်​လိုက်​တာကွယ်​...😂)

"မင်းယုံလား..." Jaeseok က Y ကို​မေးတယ်
Jaeseok ရဲ့ အသံက ​ခြောက်​ကပ်​ကပ်​နဲ့..........

Yက ​ခေါင်းကိုဖြည်းညင်းစွာ ရမ်းလိုက်​တယ်​..
"မယုံဘူး...ငါ့ကိုလာ​ခြောက်​ရင်​လဲ ​ဆောင့်​ကန်​လိုက်​မှာ..."
လို့ ​ပြောပြီးတာနဲ့ ​ရေချိုးခန်းထဲဝင်​ပြီး ကမန်းကတန်း​ရေသွားချိုး၏..

တစ်​မိနစ်​​တောင်​မကြာလိုက်​ Y ပြန်​ထွက်​လာသည်​..
ဂျီး​တောင်​​ပြောင်​ပုံမရ....

ပြီးတာနဲ့ Y သူ့ကုတင်​​ပေါ်တက်​ကာ ​စောင်​ကို ​ခေါင်းမှီးခြုံပြီး
အိပ်​​နေ​တော့၏....

စိတ်​ထဲက​နေလဲ"​အောက်​ထပ်​က က​လေး​တွေ ဆူညံ​နေတုန်း
ငါမြန်​မြန်​အိပ်​မှ အကုန်​တိတ်​ဆိတ်​ကုန်​ရင်​ ​ကြောက်​ပြီး အိပ်​​ပျော်
တော့မှ ဟုတ်​ဘူး.."ဟု​တွေး​နေ​လေသည်

Jaeseok က​တော့ Y ကိုကြည့်ကာ ရယ်​ချင်​​နေတယ်​ "ဒီ​ကောင်​ ​သရဲမယုံဘူးလဲ​ပြော​သေးတယ်​ ​ရေချိုးခန်းထဲ​တောင်​ အကြာကြီးမ​နေရဲ​တော့ဘူး ဂျီးလဲမတွန်းဘူး ညစ်​ပတ်​လိုက်​တာ.."

Is That Ghost!!! (တ​စ္တေတဲ့လား)Where stories live. Discover now