Ep.23

5.5K 352 64
                                    




ဘာ​ကြောင့်​လဲ ...မတရားဘူးလို့ ​အော်​ဟစ်​​မ​နေချင်​​ပေမယ့်
ကျ​နော်​ ရဲ့​မွေးဖွားလာမှုကို ပထမဆုံးအကြိမ်​ စိတ်​ပျက်​မိသည်​.....
လူသား မဆန်​စွာ ရက်​စက်​လွန်းသူရဲ့ သားတစ်​​ယောက်
အဖြစ်​ ​မွေးဖွားခဲ့တာ ...
ကျ​နော်​ဟာ လူသက်​သမားရဲ့ သားဆို​သော အသိက
အသက်​ရှုဖို့ကို​တောင်​ ခဲယဉ်း​စေတယ်​.....
သခင်​...ဘယ်​​လောက်​ထိ နာကျင်​ခဲ့လဲဆိုတာ
ကိုယ်​တိုင်​ မြင်​ဖူးခဲ့တာ ..
သူ့​နေရာမှာ ကိုယ်​သာဆို ဒီအထိ အသက်​ရှင်​နိုင်​ပါ့မလား
ခက်​ခဲလွန်းတဲ့ ​လောကဓံ ကိုအရှုံး​ပေးပီး ထွက်​သွားမိလိမ့်​မည်​ထင်​သည်​.....။

" ကိုသစ်​ "

" သု​နြေ္ဒ မပြန်​​သေးဘူးလား "

" အဲ့ဒါ သု​နြေ္ဒ ​မေးရမှာပါ ကိုသစ်​ ရုံးဆင်းတာ
မ​တွေ့လို့ ပြန်​လှည့်​လာတာ ..ဘာလို့ တစ်​​ယောက်​ထဲ
သောက်​​နေတာလဲ ဘားကို​မသွားဘူးလား "

" ဟင့်​အင်း..ကိုယ်​​တစ်​​ယောက်​ထဲ ​အေး​ဆေး ​နေချင်​လို့ပါ"

" ကိုသစ်​ မှာစိတ်​ညစ်​စရာ​တွေ ရှိ​နေလားဟင်
သု​နြေ္ဒ ကို​ပြောပြလို့ရပါတယ်​ ..ကိုသစ်​ အခုလိုခံစား​နေရတာ
သု​နြေ္ဒ မကြည့်​ရက်​ဘူး "

" ဟင်း....​ကျေးဇူးပဲ သု​နြေ္ဒ.. .မင်းမကြည့်​ရက်​​ပေမယ့်
ကြည့်​ရက်​သူ​တွေ ရှိတယ်​ hk "

မူး​နေ​ပေမယ့်​ သူ့အသိစိတ်​​တွေ ​ပြောက်​​လောက်​​အောင်​ထိ
မမူး​သေး...
တင်းကျပ်​​နေသည့်​ ရင်​ဘက်​ထဲမှာ တစ်​​ယောက်​​ယောက်​ကို
ရင်​ဖွင့်​ချင်​​နေမိသည်​....။

" သု​နြေ္ဒ "

"​ပြော​လေ ကိုသစ်​ "

" မင်း မျက်​လုံးထဲမှာ ကိုယ့်​ကို ဘယ်​လိုမြင်​လဲ"

"သု​နြေ္ဒ ကဘယ်​လိုမြင်​ရမှာလဲ "

"မင်း မြင်​သလိုပဲ ​ဖြေပါ"

" ok....ကိုသစ်​က ​ချောတယ်​ ​ချောတာထက်​ ခန့်​တယ်
တည်​ကြည်​တယ်​ ​ယောက်ျားပီသတယ်​...
တော်​တယ်​ ထက်​တယ်​...ပစ္စည်းဥစ္စာလဲ ပြည့်​စုံတယ်
အရည်​အချင်းလဲ ရှိတယ်​ "

သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now