Extra

7.3K 413 29
                                    





ဟိုခ​လေး ကျ​နော့်​ကို ​ရှောင်​​နေတာသိသာသည်​။
ဖျတ်​ခနဲရိပ်​ခနဲသာ မြင်​လိုက်​ရ​ပေမယ့်​ မျက်​နှာချင်းဆိုင်​ တစ်​ခါမှမဆုံ ၊ ကျ​နော်​က​ရော သူ့ကိုမမြင်​ရမှ ဘာလို့​တွေ့ချင်​​နေရတာလဲ ၊ အ​ဝေးကလှမ်းမြင်​ရ​တာ​တောင်​ ဘာလို့နှုတ်​ခမ်းပါးပါး​လေး​တွေကိုပဲ ထင်း​နေ​အောင်​မြင်​​နေရတာလဲ ။

" just မင်းနဲ့ဟိုက​လေး ရန်​ဖြစ်​ထားလား "

" မဖြစ်​ ဖြစ်​ပါဘူး ...ဘာလို့လဲ "

" ​အော်​ ...အရင်​လို မင်းအနားမှာ အရိပ်​လိုဖြစ်​​နေတာ
မ​တွေ့လို့​လေ "

နေ က​တောင်​သတိထားမိပြီး ​မေးလာတဲ့အထိ ။
ကျ​နော်​က​ရော သူနဲ့ မျက်​နှာချင်းဆိုင်​​တွေ့ရင်​ဘာ​ပြောရမလဲ၊
ရှက်​​နေတာလားလို့ ​မေးရမလား ၊ မဟုတ်​​သေးပါဘူး ။
ငါကလဲ first kiss ကွလို့​ပြောရမလား ၊ ဟား ရူးချင်​လာသလိုပဲ ၊ အခုမှ မကြီးမငယ်​နဲ့ ၊ က​လေးကလားနဲ့  ​ချော့ရ​အောင်​လဲ သူကစိတ်​​ကောက်​​နေတဲ့ ကိုယ့်​ချစ်​သူမဟုတ်​။
မသိ​တော့ဘူးကွာ ၊ ​နေပ​စေ​တော့ ။




ဂစ်​တာကိုကြိုးညှီပြီး သံစဉ်​ညှီ​နေ​ပေမယ့်​ ဘာသီချင်းမှစဉ်းစားလို့မရ ၊ အိမ်​ထဲမှာ ဟိုလူကြီးနဲလဲ မျက်​နှာချင်းမဆိုင်​ချင်​၊
အိပ်​လဲမအိပ်​ချင်​​သေးတာနဲ့ ဂစ်​တာယူပြီး ခြံထဲဆင်းလာတာ။
စိတ်​ထဲမကြာခန နှိပ်​စက်​​နေတဲ့ ဟိုလူကြီး​ကြောင့်​ ဘာသီချင်းမှစဉ်းစားလို့မရ ။

" အဲ့မှာ ခြင်​မကိုက်​ဘူးလား "

" ဟင်​ "

သေ​ရောပဲ  ....။
ဒီလူကြီး ဒီထိဘာလာလုပ်​တာလဲ ၊ ထထွက်​သွားဖို့လဲမဖြစ်​။
ရှောင်​​နေတာမှန်​​ပေမယ့်​ ဘာလို့​ရှောင်​​နေတာလဲလို့​မေးလာခဲ့ရင်​ ဘယ်​လိုလုပ်​ရမလဲ ။

" အင်း ....မကိုက်​ဘူး "

" ကိုယ်​ပါ ထိုင်​လို့ရလား "

" ထိုင်​​ပေါ့ ကျ​နော်​ပိုင်​တဲ့ ခုံမှမဟုတ်​တာ "

" မင်း တစ်​ခုခုကို စိတ်​ဆိုး​နေသလိုပဲ "

You've reached the end of published parts.

⏰ Last updated: Jun 17, 2018 ⏰

Add this story to your Library to get notified about new parts!

သခင့်​ထံပါးခစားခွင့်​​ပေးပါWhere stories live. Discover now