အခြေခံစားလုံးပေါင်းနည်း(1)

1K 28 0
                                    

ကိုရီးယားဘာသာ
စတင်လေ့လာသူများ အတွက်
အခြေခံ စာလုံးပေါင်းနည်း

#WinStars

Lesson 1

Hangul Alphabet
ကိုရီးယားအက္ခရာ

ကိုရီးယားစာကို လေ့လာရာတွင် အခြေခံအားဖြင့် Vowels : သရ (၁၀)လုံး နှင့် Consonants : ဗျည်း (၁၄) လုံး တို့အား စတင်လေ့လာကြပါမည်။

အောက်ပါ ဗျည်း(၁၄)လုံး နှင့် သရ(၁၀)လုံး အား အလွတ်ရအောင်ကျက်မှတ်ပါ။

[[ Consonants : ဗျည်း ]]
(၁၄) လုံး

ㄱ (g,k) ဂ
ㄴ (n ) န
ㄷ (d,t) ဒ၊ ဿ
ㄹ (l,r) လ၊ ရ
ㅁ (m) မ
ㅂ (b,p) ဘ
ㅅ (s) စ
ㅇ (-,ng) အ၊ င
ㅈ ( j) ဂျ
ㅊ (ch ) ချ
ㅋ (k) ခ
ㅌ (t) ထ
ㅍ (p) ဖ
ㅎ (h) ဟ

[[ Vowels : -သရ ]]
(၁၀)လုံး

ㅏ (a) အား
ㅑ (ya) ယား
ㅓ (eo) အော
ㅕ (yeo) ယော
ㅗ (o) အိုး
ㅛ (yo) ယိုး
ㅜ (u) အူး
ㅠ (yu) ယူး
ㅡ (eu) အူး
ㅣ (i) အီး

ဗျည်းနဲ့သရ ကိုပေါင်းပြီး အောက်ပါအတိုင်း အသံထွက်လို့ ရပါပြီ။

(1)ㅇ+ㅣ= 이 (အီး) နှစ် ၂
(2)ㅇ+ㅗ =오 (အိုး) ငါး ၅
(3)아이 (အားအီး) ကလေး
(4)오이 (အိုးအီး) သခွားသီး
(5)우유 (အူးယူး) နွားနို့
(6)여우 (ယောအူး) မြေခွေး

ㄱ+ㅏ =가 (ga) ဂါး- လို့ အသံထွက်ပါ။
ㅅ+ㅜ = 수 (su) စူး- လို့ အသံထွက်ပါ။

가 + 수 = 가수 = အဆိုတော်
ဂါး + စူး = ဂါးစူး -လို့ အသံထွက်ပါ။
아기 (အားဂီး) a-gi ကလေး
다리 (ဒါးရီး) da-ri ခြေထောက်
소리 (စိုရီ) so-ri အသံ
모자 (မိုဂျာ) mo-ja ဦးထုပ်
아버지 (အာဘောဂျီ) a-beo-ji အဖေ
사자 (ဆားဂျား) sa-ja ခြင်္သေ့
치마 (ချီးမား) chi-ma ဂါဝန်၊ စကတ်
코 (ခိုး) ko နှာခေါင်း
타조 (ထားဂျိုး) ta-jo ငှက်ကုလားအုပ်
포도 (ဖိုးဒိုး) po-do စပျစ်သီး
호수 (ဟိုးစူး) ho-su ရေကန်၊ အင်းအိုင်

Koreaစာလေ့လာကြမယ်Where stories live. Discover now