အပိုင်း(၅)

5.3K 88 0
                                    

“ ​ယောကျာ်းလှကျွန်း ”
------ အပိုင်း(၅) -------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အခန်းမီးရောင်ဖျော့တော့တော့ အောက်တွင် ဂီနိုနှင့် နီယွန်နှစ်ဦးသား တစ်ဦးကို တစ်ဦးစိုက်ကြည့်ရင်း ငြိမ်သက်နေကြသည်။
ဂီနိုက ကုတင်ပေါ်တွင် ထိုင်လျှက် ရှိသည်။ နီယွန်ကတော့ ဂီနို့နဘေးတွင် မတ်တပ်ရပ်နေရင်း ဂီနို့ကိုလက်ပိုက်လျှက်ကြည့်နေသည်။
ဂီနို့စိတ်ထဲတွင် ရှက်ရွံ့နေသလိုလို ကြောက်လန့်နေသလိုလို တစ်ခုခုကို မချင့်မရဲ့ဖြစ်နေ၏။ ဂီနို့ရင်ခုန်သံတွေဟာလဲ တစ်စတစ်စ အရှိန်ပြင်းထန်စွာပေါက်ကွဲနေသည့် မီးတောင်ကြီးပမာ ၀ုန်းဒိုင်းကြဲနေသည်။ ယခု သူခန္ဓာကိုယ်တွင် အ၀တ်အစားဟူ၍ အတွင်းခံလေးနှင့် ခါးတွင်ပတ်ထားသည် နံငယ်ပိုင်းပုဝါလေးသာ ရှိသည်။ မွှေးညင်းလေးတွေ ညီညာနေသော ဂီနို့ပေါင်တံလေးကို နီယွန်ငေးစိုက်ကြည့်နေမိသည်။ ယောကျာ်းအချင်းချင်းသာ အထိအတွေ့များခဲ့သည့် သူသည် မိန်းမတစ်ယောက်ကို စိတ်ဝင်စားရကောင်းမှန်း မသိတော့ပါချေ။ တစ်ကယ်တော့ သူသည်လည်း သည်စိတ်တွေ ၀င်နေခဲ့တာ ကြာပါပြီလေ။

“နီယွန် နှိပ်တဲ့သူက ဒီအတိုင်းပဲ အနှိပ်ခံတာလား”

“မဟုတ်ဘူး။  မင်းကို ဆီလူးရဦးမယ်။ ဆီလူးပုံလူးနည်းပါ တစ်ခါတည်းလုပ်ပြမယ်။ ပြီးရင် အထဲက အတွင်းခံဘောင်းဘီကိုပါချွတ်ရမယ် “

နီယွန် ဂီနို့အမေးကို ဖြေလိုက်ပြီး စားပွဲပေါ်တွင်အသင့်တင်ထားသည့် sunflower oil လေးကိုယူလိုက်သည်။

“ဒီဘူးလေးထဲက ချောဆီတွေက body massage လုပ်တဲ့အခါမှ သုံးတဲ့အဆီတစ်မျိုးပဲ။ ဒီမှာတော့ ဆီအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွဲတယ်။ ထားပါတော့လေ အဲ့ဒါက ငါတို့အလုပ်မဟုတ်ပါဘူး။ ဈေးနှုန်းကိစ္စက ကောင်တာမှာထိုင်တဲ့ကောင်လုပ်တဲ့ကိစ္စ။
ငါတို့ကိစ္စက ဧည့်သည်ကိုနှိပ်ပေးရမယ် ပြီးရင်သူ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်။ အဲ့လိုဖြည့်ဆည်းပေးရင် ငါတို့လိုချင်တဲ့ ပိုက်ဆံရမယ် ဒါပါပဲ”

“ဒါဆိုရင် မင်းကအခုငါ့ကို အစအဆုံးနှိပ်ပြမှာလား “

“အင်း ဟုတ်တယ်။ နှိပ်တယ်ဆိုတာက ကိုယ်တိုင်အနှိပ်ခံရမှ ဘယ်လိုအရသာရှိတယ်ဆိုတာသိတာလေ။ ပြီးတော့ သူများကိုဘယ်နေရမှာ နှိပ်ရင်ဘယ်လိုအရသာရှိတယ်ဆိုတာ ကိုယ်ကသိပြီးသားဖြစ်တာပေါ့။ လောကမှာ နှိပ်တတ်ရင်ထမင်းမငတ်ဘူးတဲ့ ဂီနိုရဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ဇိမ်သိပ်ခံချင်ကျတဲ့ သတ္တ၀ါတွေလေ။ ဒီတော့ ဇိမ်ခံတဲ့အလုပ်ကို လူတွေကမရ ရအောင်ရှာဖွေကျမှာပဲ။ “

ယောကျာ်းလှကျွန်းWhere stories live. Discover now