အပိုင်း(၁၃)

3.3K 59 0
                                    

“ ​ယောကျာ်းလှကျွန်း ”
----- အပိုင်း(၁၃) -------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အဝေးမှ ညငှက်တို့၏ အော်မြည်သံက သူ့နားထဲခပ်သဲ့သဲ့လေး ကြားနေရသည်။
နဖူးမှ စီးကျနေသော ချွေးစက်တို့က ညချမ်းလေးနှင့် မလိုက်ဖက်လှပါ။
သူ အသက်တို့ကိုမှန်မှန်ရှူရင်း မောဟိုက်နွမ်းလျ လျက်ရှိ၏။ သူ့တစ်ကိုယ်လုံး ရိုက်ချိုးထားသလို အားအင်တို့ ချိနဲ့နေ၏။
ကိုယ်တွေလက်တွေနာကျင်ကာ မိမိကိုယ်ကိုပင် ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ မှီထားသည့် ထောင်နံရံကြီးကား အေးစက်နေ၏။
သူ့မျက်စိတွေကို မှိတ်ထားမိသည်။
သူ့ရင်ဘတ်မှ တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးခုန်သံကိုပင် ကြားနေရသည်။

“အား...................ကျွတ်စ်......ကျွတ်စ်.......”

စအိုဝမှ နာကျင်မှုဝေဒနာက ရုတ်တရက် စပ်ဖျဉ်းဖျဉ်းဖြစ်လာသဖြင့် သူ့လှဲထားသည့် ခြေထောက်တစ်ယောက်ကို တစ်ဖက်စောင်းပြန်ထောင်လိုက်မိ၏။ စအိုဝမှ ဒဏ်ရာကြောင့် ကောင်းကောင်းပင်မထိုင်နိုင်ပဲ တစ်ဆစ်ဆစ်နာကျင်နေလေ၏။ ဝေဒနာတွေကို ကျိတ်မှိတ်ခံစားရင်း သူ့ပါးပြင်မှ ပူနွေးနေသည့် မျက်ရည်စတစ်ချို့ကို လက်ခုံဖြင့်သုတ်လိုက်သည်။
သူ့ကိုလူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီး မုဒိမ်းကျင့်လိုက်သည့် ထောင်ထဲမှ လူထွားသုံးကောင်မှာမူ အာသာဝသီပြေပျောက်သွားပြီ ဖြစ်သဖြင့် တခေါခေါဖြင့် အိပ်မောကျနေချေပြီ။
သည်ပုံစံအတိုင်းသာ သည်ထောင်ထဲမှာ ဆက်နေရမည်ဆိုလျှင် ကြာလျှင် သူအသက်ထွက်သွားနိုင်သည်။ ထောင်ထဲက အမြန်လွတ်အောင် ဘယ်လိုလုပ်ရပါ့...............

                           
                             **************


“မူးယစ်ဆေးဝါးတွေကိုမိတာတော့ ဟုတ်တယ် ဒါပေမယ့် အဲ့ဒီမူးယစ်ဆေးဝါးမှုမှာ တရားခံရှာရခက်နေတယ်”

“ဆေးတွေကိုလဲစစ်ကြည့်ပြီးပြီ ဒီမှာဖမ်းမိတဲ့လူတွေရဲ့ လက်ဗွေရာတစ်ခုမှမရှိဘူးဖြစ်နေတယ်”

“ဖြစ်နိုင်ချေရှိတာကတော့ ဆီးစစ်လိုက်တာ မအောင်တဲ့တရုတ်ဘိန်းစား လောကွဲ၊ အားလီယို၊ အားစိန်း ဒီသုံးကောင်ထဲက တစ်ကောင်ကောင်ဖြစ်နိုင်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ဆီးထဲမှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာတွေ အများကြီးတွေ့ရတယ် ဖြောင့်ချက်ပေးခိုင်းလိုက်ရမလား”

ယောကျာ်းလှကျွန်းWhere stories live. Discover now