17

514 47 4
                                    

J'omma: Kris?

Chan: ဟုတ်တယ်အန်တီ ကလေးက ကျွန်တော့ပြောဖူးတယ် သူ့အတိတ်ဆိုးနာမည်က Kris တဲ့ ပြီး ပြန်လာနေပြီဆိုတော့.....

J'omma: Kris တော့အန်တီမကြားဖူးဘူး
အင်း ..... သား မင်းဘယ်လောက်အထိ သားငယ်အကြောင်းသိထားလဲ?

Chan: အကုန်တော့မဟုတ်ပေမယ့် အဓိကအကြောင်းအရာကိုတော့သိထားပါတယ် အန်တီ

J'omma: သားငယ်မင်းကိုဒီအကြောင်းတွေတောင်ပြောထားပြီးပေါ့
ကောင်းပါတယ် အဲ့တာမှ အန်တီမင်းကိုပြောပြလို့ရမှာ
ဒီလို မင်းထွက်သွားပြီးတဲ့နောက် သားငယ်က အရမ်းကို စိတ်ထိခိုက်သွားတယ် သူကမင်းနဲ့ပတ်သက်သမျှကိုမေ့ဖျောက်လုပ်တယ်သား
ရှငိးရှင်းပြောရင် Traumatize ပေါ့ ပြီးတော့ မင်းနဲ့ပတ်သက်သမျှကို block လုပ်ပစ်လိုက်တယ် အဲ့တော့ စိတ်နာနာနဲ့ အမှတ်တရတွေကို မေ့ပစ်ရင် အဲ့ အမှတ်တရကို လုံးဝမသိတော့တာ ဒါမှမဟုတ် အဲ့အမှတ်တရနဲ့ပတ်သတ်တဲ့သူတွေကိုမေ့သွားတာ ဖြစ်သွားတတ်တယ် အဲ့တော့ သားငယ်မင်းကိုမေ့နေတာမဆန်းဘူး အဲ့နေ့ကိစ္စကိုအရမ်းကြောက်သွားတာလေ

Chan: ကျွန်တော်က သူခေါင်းထိတာကြောင့်လို့ထင်နေတာ

J'omma: မဟုတ်ဘူးသား လူတိုင်းအဲ့လိုထင်ကြတယ် တကယ်တော့ သူ့ mind ကို shut down ချလိုက်တာပဲ သားလာတဲ့ အချိန်က သူဒုတိယအကြိမ်ပြန်မေ့လဲပြီး သတိရတယ်အချိန် အဲ့တာကိုမပြောမိလို့တောင်းပန်ပါတယ်ကွယ် ပထမတခါ သတိရလာတုန်းက တော်တော် သောင်းကြမ်းခဲ့တာ

Chan: ကျွန်တော်တကယ်မသိခဲ့ဘူး တောင်းပန်ပါတယ်
J'omma: ရပါတယ်ကွယ် ထားပါအရင်ကကိစ္စတွေ အဲ့မှာ အလယ်တန်းလောက်လည်းရောက်ရော သူ့မှာ တစ်ဦးတည်းသော သူငယ်တစ်ယောက်ရှိခဲ့တယ် Wu Yifan တဲ့  သားငယ်ကိုသိပ်ဂရုစိုက်ရှာတာ သားငယ်အကြောင်းကိုသိတာတောင်လက်ခံပေးနေခဲ့တာ ဒါပေမယ့် သူကိုကအပေါင်းအသင်းကံပဲမကောင်းတာလားမပြောတတ်ဘူး Yifan လေးလည်း ရုတ်တရက် အိမ်ကိစ္စကြောင့် နိုင်ငံခြားရောက်သွားတယ် သားငယ်ကလေ အန်တီ့ကိုသားထုတ်မပြောတာ သူသိပ်အထီးကျန်နေမှန်းအန်တီသိတယ် အန်တီ့ရှေ့ဆိုပျောပျော်ပဲဒါပေမဲ့ ညညဆို ငိုငိုနေတာတွေ့တော့ စိတ်ထဲမကောင်းဘူး အဲ့လိုနဲ့ မြို့မှာနေတော့ စိတ်ကျဉ်းကြပ်မလားဆိုပြီး ဒီနယ်မြို့လေးကိုပြောင်းလာမိတာ ပြောင်းလာမိတာမှန်သွားတယ်ထင်ပါရဲ့ သားရယ် မင်းနဲ့လည်းပြန်ဆုံရတယ် ပြီး ဒီရောက်တည်းက အဲ့ကလေးအရမ်းပျော်နေတာ သူငယ်ချင်းတွေရလို့ဆိုပြီး

ဟုဆိုကာ ပြုံး၍ပြောလေရဲ့ 

Chan: ကျွန်တော်လည်းသိပ်ဝမ်းသာတာ သူနဲ့ပြန်တွေ့ရလိုဆိုပြီး ကျောင်းမှာလည်းသူ သူငယ်ချင်းတွေနဲ့ အဆင်ပြေတယ် ဟိုကောင်တွေကသူ့ဆိုသိပ်ချစ်တာ

J'omma: အေးပါကွယ် အန်တီသားလက်ထဲအပ်ပါတယ် တစ်ခုခုဆိုရင်တော့ပြောပါကွယ် အန်တီ့မှာ သားငယ်လေးတစ်ယောက်ပဲရှိတာ

Chan: စိတ်ချပါအန်တီ

အဲ့မှာ ကလေးက တအင်းအင်း တအဲအဲ နဲ့ နှိုးလာတယ်

J'omma: အန်တီ ဆရာဝန်သွားခေါ်လိုက်ဦးမယ်
ဆိုပြီးထွက်သွားတယ်

Chan: ကလေး ကလေး အဆင်ပြေလား ကိုယ့်ကိုမြင်လား?

Jong: ဆရာ ကျွန်တော်အဆင်ပြေပါတယ်

ကလေးကို ဆရာဝန်ကလာစမ်းသပ်သွားတယ် အဆင်ပြေပါတယ် နှလုံးခုန်နှုန်လည်းပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာမှ ကျွန်တောင်ရင်ဘတ်ထဲက အပူလုံးကြီးကျသွားတော့တယ်
အန်တီကတော့ ကလေးနက်ဖြန်ဆေးရုံဆင်းရင် စားဖို့ အစားအသောက်တွေသွားဝယ်ပြီး အိမ်မှာချက်ဦးမယ်ဟုဆိုကာ ကလေးနဲ့ ကျွန်တော်နဲ့ကိုထားခဲ့လေရဲ့

Chan: ကဲကလေး နက်ဖြန်မှဆေးရုံဆင်းရမယ်ဆိုတော့ ပျင်းနေမယ် ဘာလုပ်ချင်လဲပြော ?

Jong: ဆရာ တစ်ခုလောက်တောင်းဆိုချင်တယ်

Chan: ပြောလေ ကလေး

Jong: ဆရာကျွန်တော်တို့အိမ်လိုက်နေပေးပါလား?

TBC .....

Baby And His TeacherWhere stories live. Discover now