08.

1.5K 186 32
                                    

ဒီ​နေ့သည်​လည်း သာမန်​ထက်​မထူးခြား​သော ​နေ့​လေးဖြစ်​သည်​။ခါတိုင်းလိုပင်​ ​နေမင်းကြီးက တိမ်​ထူထူ​တွေ​အောက်​ ငုပ်​လျှိုး​နေသည်​။နှင်းရည်​​တွေစိုရွဲ​နေ​သော သစ်​ရွက်​​တွေက ပျင်းရိ​နေကြဟန်​ဖြင့်​ ​လေအ​ဝှေ့တွင်​ အသာယိမ်းသည်။ပတ်​ဝန်းကျင်​က အုံ့မှိုင်းမှိုင်းနှင့်​မို့ ​အိပ်​ရာထဲ​ကွေးရင်းငေးမှိုင်​​တွေး​တော​​နေပစ်​ဖို့သာ ​ကောင်း​တော့သည်​။

သို့​သော်​ Jimin တစ်​​ယောက်​​ငေးမ​နေနိုင်​။မှိုင်​လည်းမှိုင်​မ​နေနိုင်​ပါ။အလုပ်​အချိန်​ဇယား​တွေရှင်းတုန်း နှစ်​ပတ်​ခန့်​အားလပ်​ရက်​ရထား​သော​ကြောင့်​ ​မိဘ​တွေဆီခဏပြန်​ရန်​ပြင်​ဆင်​​နေသည်​။မကြာ​သေးမီကမှ ထွက်​ရှိထား​သော သူ ပါဝင်​သီဆို​ပေးထား​သည့်​ Jungkook၏ သီချင်းသည်​ အယ်​လ်​ဘမ်​တစ်​ခုလုံးတွင်​ လူကြိုက်​အများဆုံးစာရင်းထဲဝင်​ခဲ့သည်။အာရှနိုင်​ငံများအပြင်​ တစ်​ကမ္ဘာလုံးရှိနိုင်​ငံကြီးအ
တော်များများ၏ ဂီတဇယားများတွင်​လည်း ထိပ်​ပိုင်း​နေရာများကိုရယူနိုင်​ခဲ့သည်​။Jungkook နှင့်​အတူ သူ၏နာမည်​ကပါ ဒီအ​တောအတွင်း အင်​တာနက်​​ပေါ်တွင်​ အာရုံအစိုက်​ခံဆုံးဖြစ်​လာသည်​။ဤကိစ္စသည်​ ​နောက်​လထဲတွင်​ ကျင်းပမည်​ဖြစ်​​သော သူ၏တစ်​ကိုယ်​​တော်​နယ်​လှည့်​​ဖျော်​​ဖြေပွဲအတွက်​ များစွာအ​ထောက်​အကူဖြစ်​လာမည်​မှာ ကျိန်း​သေ​နေသည်​။ထို့​ကြောင့်​ အလုပ်​အနည်းငယ်​ပါး​သော ဒီလအတွင်း​လေးပဲ သူနားရက်​ရခြင်းဖြစ်​သည်​။နားရက်​ပြီးပြီးချင်း ​ဖျော်​​ဖြေပွဲအတွက်​ပြင်​ဆင်​ရ​တော့မည်​​လေ။

'Jimin na....Jiminnie´

ဘယ်​အချိန်​ကတည်းက​ ရောက်​လာမှန်းမသိ​သော Taehyung ၏တ​ကြော်​​ကြော်​​အော်​သံသည်​ တိုက်​ခန်းအတွင်းဆူညံသွားသည်​။ခဏကြာ​တော့ သူ့အခန်းထဲဝင်​လာ​ကာ ကုတင်​​ပေါ်တက်​ထိုင်​သည်​။

'Jimin na ဘယ်​သွားမလို့လဲ။oversea schdule....´

ထုပ်​ပိုးလက်​စ သူ့ခရီး​ဆောင်​အိတ်​ကိုမြင်​​တော့ ပြူးတူးပြဲတဲဖြင့်​​မေးလာ​သော Taehyung...လည်​ပင်းမှာက လက်​စွဲ​တော်​ကင်​မရာကြီးကိုတွဲ​လောင်းဆွဲထား​သေးသည်​။

A Step Closer To UWhere stories live. Discover now