Abandon.. 2

228 34 6
                                    

ပန်းပွင့်လေးတစ်ပွင့် ကိုယ့်ရင်ခွင်ထဲ ကြွေကျလေရဲ့ ..
ခြွေချသူက .. မင်းလေးတဲ့လား ။

🌸🌸🌸

ခြံအတွင်းသို့ ခြေချလိုက်မိသည်နှင့် နှာဝအနားသို့ ကလူကျီစယ်လေသော လိမ္မော်အနံ့က ခပ်သင်းသင်းရယ် .. ။

" ဟာ .. သခင်လေး ရောက်လာပြီလား "

ခြံဝတွင် ရပ်နေသော ကျွန်တော့်အားမြင်သည်နဲ့ အပင်များရေလောင်းနေသည်ကို ရပ်လိုက်ကာ ကျွန်တော့်အနား အပြေးရောက်လာသည့် ဦးအိုက်လုံ .. ။

" ဟုတ်ကဲ့ .. မသွားခင်လေး အလွမ်းပြေလေး လာကြည့်တယ်ဆိုပါတော့ .. "

ရယ်သွေးစွက်ကာ ခပ်အေးအေးပြောလိုက်တော့ စိတ်မကောင်းဖြစ်သွားဟန်တူသော ဦးအိုက်လုံ .. မှိုင်းဝေသွားသည့် မျက်နှာအား ကြည့်လိုက်ရုံနှင့် သိသာလွန်းသည်လေ .. ။

" သခင်လေး တစ်ကယ်ပြန်တော့မယ်ပေါ့နော် "

" ဦးအိုက်လုံရ .. ပြန်တာမဟုတ်ပါဘူး .. ဒီနေရာက ကျွန်တော့်အိမ်လေ .. ရန်ကုန်ကို ခဏသွားလည်တယ်ပဲ သတ်မှတ်လိုက်ပေါ့ .. "

" အေး .. အဲ့လိုဆိုလည်း ဟုတ်သား .. "

ဦးအိုက်လုံစကားကြောင့် ကျွန်တော်လည်း လိမ္မော်ခြံကို ဝေ့၀ဲကြည့်ရင်းမှ ပြုံးမိလေသည် ။

" ဒီကလေးတွေတော့ အထီးကျန်တော့မှာပဲ "

၃ ဧကခန့် ကျယ်ဝန်းသော တောင်ပေါ်မြေတွင် တစ်ခြံလုံးအပြည့်စိုက်ထားသော လိမ္မော်ပင်များက ကျွန်တော့်အတွက်တော့ ပျင်းနေသည့်အချိန်များတွင် အဖော်ပြုပေးသည့် ကလေးများကဲ့သို့ပင် ..

တောင်ကြီးပြန်လာပြီဆိုသည်နှင့် အနားပင်မယူနိုင်ပဲ ချက်ချင်းပြေးလာသော နေရာက လိမ္မော်ခြံပင် .. အမေကပင် ပြောတတ်သေးသည် .. ကျွန်တော်က သူ့ထက်လိမ္မော်ခြံများကို ပိုချစ်သည်ဆိုပြီး .. ။

မိဘများက တောင်ကြီးတွင် ခြံပိုင်များရှိသည်မို့ ကျွန်တော်ကလေးကတည်းပင် ခြံထဲဆော့ကစားနေကြ .. နောက်ပိုင်း တက္ကသိုလ်တက်မှ ရန်ကုန်တွင်ရှိသည့် ဦးလေးအိမ်တွင်သာ ကျောင်းတက်ရင်း .. အလုပ်လုပ်တော့လည်း တောင်ကြီးပြန်မဆင်းတော့ပဲ ရန်ကုန်တွင်နေရင်းသာ ၀ါသနာပါသည့် Hotel အလုပ်ကိုသာ လုပ်ဖြစ်တော့သည် ။

You've reached the end of published parts.

⏰ Last updated: Feb 05, 2018 ⏰

Add this story to your Library to get notified about new parts!

|| ABANDON ||Where stories live. Discover now