Chapter-3

2.3K 199 8
                                    

ရင်​ဘတ်​​ပေါ်က လှုပ်​လှုပ်​ရွရွ ဖြစ်​​နေသဖြင့်​ felix အိပ်​​ပျော်​​နေရာမှ နိုးလာသည်

မှုံဝါးဝါး အမြင်​အာရုံမှာ​ပေါ်လာသည်​က တိုစိတ်​စိတ်​ မျက်​​တောင်​တွေနဲ့ ခပ်​လုံးလုံး နှာတံတစ်​ခု

အ​သေအချာကြည့်​မိ​တော့ သူ့ရင်​ဘတ်​​ပေါ်မှာ ဟိုဓာတ်​ပုံ ထဲက ရုပ်​တည်​နဲ့ ဆာမူရိုင်း​ကောင်

သူ့ဖက်​ကို ပြန်​လှည့်​အကြည့်​ ​အေးစက်​စက်​ မျက်​ဝန်း​တွေနဲ့ ဆုံမိတဲ့အခိုက်

်​ခဏ​တော့ နှစ်​​ယောက်​သား ​ကြောင်​ကြည့်​​နေမိ​သေးသည်

ထို့​နောက်​မှာ​တော့......

"အား!!!!!!!!!!!!!!!"

"ဝုန်း........ဒုန်း...."

စူးရှ​ကျယ်​​လောင်​​သော ​အော်​ဟစ်​သံနှင့်​အတူ ပြိုလဲကျသံတို့က မ​ရှေးမ​နှောင်းမှာပင်​ ထွက်​​ပေါ်လို့လာ​လေသည်

Felix၏ ​အလန့်​တကြား ထကန်​ချက်​​ကြောင့်
ကော်​​ဇော ထက်​မှာ ​ပုံပျက်​ပန်းပျက်​ ကျသွားသည့်​ သူ့ကို​ငေးကြည့်​ရင်း စိတ်​ထဲမှာလဲ ပလုံစီ​အောင်​​တွေး​နေမိသည်

*​ဒီ​ကောင်​....ငါ့ကိုဘာလုပ်​မလို့ပါလိမ့်​*

"မင်း.....မင်း.....​!!!!"

သူ့ကို လက်​ညှိုးတစ်​ထိုးထိုးနဲ့ ​ထော့​နဲ့​ထော့နဲ့ ထလာ သည့်​ အနှီ ဆာမူရိုင်း​ကောင်​သည်​ နာကျင်​မှုနှင့်​​ဒေါသအမျက်​တို့ထွက်​လျက်​ felix ကို စားမတတ်​ ဝါးမတတ်​ ကြည့်​​နေသည်

ထို့​နောက်​ ကုတင်​​ပေါ် မျက်​လုံးအပြူးသားနှင့်​ ငုတ်​တုပ်​​မေ့​နေသည့်​ felix အနားသို့ တဖြည်းဖြည်း တိုးကပ်​လာသည်

"ခင်​ဗျား....ခင်​ဗျား....ဒါ..ဘာ..ဘာလုပ်​တာလဲ"

အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြင့်​ felixမှာစကားပင်​​ဖြောင့်​တန်း​အောင်​မထွက်​နိုင်​​တော့

"မင်းက ငါ ဘာလုပ်​မယ်​​တွေး​နေတာလဲ ဟမ်​!!!!!
မင်း​အောက်​မှာ အိပ်​​ပျော်​​နေလို့လဲ အ​ပေါ်ထိ
မင်းခန္ဓာကိုယ်​ကြီးကို သယ်​လာရ​သေးတယ်​ ခုလည်း
မင်းက ငါ့ကို ကန်​ချတယ်​ .... "

🎎The Flower's Knight🎎1Where stories live. Discover now