Chapter-22

1.9K 176 18
                                    


ဘာလို့များ သူနှစ်​သက်​​ရတဲ့သူဟာ သူ့အ​ပေါ် သစ္စာ​ဖောက်​ရတာတဲ့လဲ

ပြီး​တော့ သူ့အ​ပေါ် အသုံးချခဲ့တာ...

ဒါကို နုံအလွန်းတဲ့သူက ယုံယုံကြည်​ကြည်​နဲ့​ မသိတတ်​ခဲ့ခြင်း​တွေဟာ အကြီးအကဲ​​တွေကိုသာမက သူ့ဂိုဏ်း ကလူတွေအ​ပေါ်ပါ ဒုက္ခ ​ရောက်​​စေခဲ့သည်

ဒီအသိုင်းအဝိုင်းကြားမှာ ဘယ်​လိုများ သူ့မျက်​နှာကို ပြရပါ့မလဲ

အထူးသဖြင့်​ changကို ဘယ်​လိုမျက်​နှာချင်း
ဆိုင်​ရမည်​မသိ​တော့

သူတို့က ခွင့်​လွှတ်​နိုင်​​ပေမယ့်​ အဆိုးဆုံးက ကိုယ့်​ကိုယ်​ကို ခွင့်​မလွှတ်​နိုင်​တာပဲဖြစ်​မည်

Jisung ​ပြောတုန်းက သူ့မှာမယုံကြည်​နိုင်​ခြင်း​တွေနဲ့

အပြစ်​​ပေးတဲ့အခန်းကို ​ခေါ်လာတဲ့အထိ ​ဝေဝါး​နေတုန်း

နောက်​မှ...သူ့နှုတ်​ဖျားက ဖွင့်​ဟဝန်​ခံ​တော့မှ ရင်​နာနာနဲ့ လက်​ခံခဲ့ရသည်

ဒါ​တွေအားလုံးရဲ့ လက်​သည်​တရားခံကို​မေး​တော့
ခုထိမ​ဖြေ​သေး...

ရုပ်​က​လေးလှသ​လောက်​ ​ခေါင်းမာလွန်းလှချည်​ရဲ့...

"Hyunjin...အာ!!!မဟုတ်​ဘူး Wadiya...
မင်းကို​မေးမယ်​... အဲ့ဒီ တစ်​ဖက်​က မင်းကိုခိုင်းတာ
ဘယ်​သူလဲ"

"ငါ....မသိဘူး"

"ခွပ်​!!!!"

"မင်းကို ထပ်​​မေးမယ်​...ငါတို့ ဂိုဏ်းသား​တွေကို ခုလို
ဖြစ်​​အောင်​ လုပ်​ကြံတာ ဘယ်​သူလဲ!!!!"

"ငါ...မသိဘူး....သိလဲ...ငါမ​ပြောနိုင်​ဘူး"

"ခွပ်​!!!"

"အာ့!!!"

ဖူး​ယောင်​​နေတဲ့ မျက်​နှာမှာ seungminလက်​သီး​ချက်​​တွေ​ကြောင့်​ အညိုအမဲ​တွေစွဲလျက်​...

စွဲလမ်းခဲ့ရဖူး​သော နီတွဲတွဲနှုတ်​ခမ်းဖူးတို့သည်​ ခု​တော့ ​သွေးစက်​​တွေ​ ချင်းချင်းနီလို့...

ယောင်​ကိုင်း​နေသည့်​ မျက်​ခွံတို့ကို အားယူဖွင့်​လျက်​ seungminကို ကြည့်​​နေသည်​က ​တောင်းပန်​သည်​နှင့်​အတူ ​ချထား​သော ဆုံးဖြတ်​ချက်​ကို ပြန်​ပြင်​ဖို့ရာလဲ ရှိပုံမ​ပေါ်...

🎎The Flower's Knight🎎1Tahanan ng mga kuwento. Tumuklas ngayon