💋2💋 Z+U

1.8K 203 30
                                    

Unicode

~•ကိုကို့ နှုတ်ခမ်းထူထူလေးနဲ့
နှာသီးလုံးလုံးလေးက
ဖန်ဆင်းသမျှ အနမ်းတွေဟာ
ဘေဘီ့အတွက်တော့....
သောက်လေသောက်လေငတ်မပြေတဲ့ ကျတ်တွင်းရေလိုပါပဲ
တင်းတိမ်ရောင့်ရဲနိုင်စွမ်းမရှိဘူး•~

•○•○•○•○

Doh Kyungsoo P.O.V

အေးစိမ့်စိမ့်ခံစားမှုနှင့်အတူ ဘေးဘက်တွင် တစ်ခုခုလစ်ဟာနေသလို ခံစားရတာမို့ လက်ဖြင့် ဟိုစမ်းဒီစမ်းလုပ်ကြည့်မိတော့...

ခါတိုင်းလို တင်းကျပ်နေအောင် ဖက်ထားပေးတတ်သော ကိုကို့လက်တစ်စုံနှင့် အနွေးဓာတ်ကို ဆောင်ကြည်းပေးတတ်သော ကိုကို့ရင်ခွင်ကျယ်ကြီး ရှိမနေပါ...

စိတ်မကျေနပ်စွာ မျက်လုံးကိုလက်ဖြင့်ပွတ်၍ ဖြေးဖြေးချင်းဖွင့်ကြည့်မိသော်ငြား~
စူးရှရှအလင်းရောင်နှင့် အသားမကျသေးသော မျက်ဝန်းတို့က မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးစေသည်...

ငေါက်ကနဲထထိုင်လိုက်သည်မို့ ခံစားလိုက်ရသော ခါးအောက်ပိုင်းဆီက တစ်ဆစ်ဆစ်ကိုက်ခဲမှု.....

လှိုက်ကာတက်လာသော ဝမ်းနည်းမှုနှင့် နာကျင်မှုက မျက်ဝန်းအိမ်ကို စိုစွတ်စေသည်...

*ဂျလောက်*

"အာ..ဘေဘီကနိုးတောင်နိုးနေပြီလား..."

ရေချိုးခန်းတံခါးပိတ်သံနှင့်အတူ ထွက်ပေါ်လာသော ကိုကို့အသံချိုချိုကြောင့် အနည်းငယ်ပျော်သွားသလို....

သို့သော်~ကိုကို့ကို ဆက်ခနဲလှည့်ကြည့်ပြီး မျက်စောင်းခဲလိုက်မိသည်....

ကျွန်တော့်မျက်ဝန်းအိမ်မှ စိုစွတ်ဆဲ မျက်ရည်စတို့ကို မြင်လိုက်သည်ကြောင့်ထင့် ကျွန်တော့်ဘေးသို့ အထိတ်ထိတ်အပြာပြာဖြင့် အလျင်အမြန် ပြေးလာလေသောကိုကို....

"ဘေဘီ...ဘေဘီ ငိုနေတယ်? ဘာလို့လည်း? အရမ်းနာနေလို့လား?ဟင်??"

Po Po Hae! (뽀뽀해) #Mini fic#Where stories live. Discover now