💋4💋 Z+U

1.7K 199 60
                                    

Unicode

~ကိိုကိုဖန်တီးတဲ့ အချစ်ပုံပြင်မှာ
အဓိကလူအဖြစ် ဘေဘီ့ကို
ရွေးချယ်ခဲ့လို့
ကျေးဇူးတင်တယ်...♡
တစ်သက်တာအတွက်
မရေတွက်နိုင်အောင်
များပြားလှတဲ့အချစ်တွေကို
အပိုင်စားပေးခဲ့လို့လည်း
ကျေးဇူးတင်တယ်..♡
သိပ်ချစ်တယ်ကိုကို~

~•~•♡•~•~

ပြွတ်စ်~
.
.
.
.
ပြွတ်စ်~
.
.
.
.
ပြွတ်စ်~
.
.
.
.

"ကျစ်!!ကိုကိုရာ ဘာဖြစ်နေတာလဲဟာ!
ဒီမှာ ကာတွန်းကားကြည့်နေတာ ဈာန်ကိုမဝင်ဘူး! ငြိမ်ငြိမ်နေစမ်းပါဟာ!"

တီဗီရှေ့ကဆိုဖာပေါ်တွင်ထိုင်ကာ ကျွန်တော့်ကိုရင်ခွင်ထဲဆွဲသွင်းပြီး ကျွန်တော့်ခေါင်းနဲ့သူနှုတ်ခမ်းကို ကပ်လိုက်ခွာလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ကိုကို့ကို သည်းမခံနိုင်တဲ့အဆုံး အနောက်ကိုလည်ပြန်ကြည့်ပြီး စွာကနဲအော်လိုက်မိတယ်...။

ဘယ့်နှယ့်!ဆံပင်ညှပ်ပစ်တုန်းကကျတော့ နောက်မညှပ်တော့ပါဘူးဆိုပြီး ကတိတောင်းတဲ့အပြင် ခံဝင်လက်မှတ်ပါထိုးခိုင်းခဲ့ပြီးတော့ ခုမှတပြွတ်စ်ပြွတ်စ်နဲ့လာနမ်းနေတယ်... တော်တော်လည်းတတ်နိုင်တဲ့လူကြီး!

အခုလည်းကြည့်! ပြောနေတဲ့လူကအရူးကျလို့
သူကတော့ဖြင့်အဖက်ကိုမလုပ်ပဲ နမ်းနေတာမပြီးတော့ဘူး!

ဒိုဂျောင်ဆူးအကြောင်းပြရသေးတာပေါ့..ဟွန့်!

#ဒုန်း#

ကျွန်တော့်ခေါင်းနဲ့သူ့နှုတ်ခမ်းကို ကပ်လိုက်ခွာလိုက်လုပ်နေတဲ့ကိုကို့ကို ခေါင်းနဲ့တစ်ချက်ပင့်ဆောင့်ပေးလိုက်တယ်။

"အားလားလား...သေပါပြီ~ နှုတ်ခမ်းပေါက်သွားပြီလားတောင်မသိ...
ဘေဘီဘာလို့ခေါင်းနဲ့တိုက်တာတုန်း!"

"ဒီမှာကာတွန်းကားကြည့်နေတာကို အနောက်ကနေအသားယူနေတဲ့အဖိုးကြီးကို အမြင်ကတ်လို့!"

မျက်စောင်းတစ်ချက်ပစ်ခွင်းကာ ဆိုဖာပေါ်မှထသွားလိုက်သော်ငြား ကျွန်တော့်လက်ကိုဆောင့်ဆွဲလိုက်သည်မို့ ကိုကို့ရင်ခွင်ထဲသို့အင့်ခနဲလဲပြိုကျ၏...။

Po Po Hae! (뽀뽀해) #Mini fic#Where stories live. Discover now