1

464 38 6
                                    

ကျွန်တော် ဘားထဲကိုဝင်ဝင်ချင်း သတိထားမိသောကောင်းလေးတစ်ယောက်

သူဟာပြိုးပြိုးပျက်ပျက်သော စိတ်နှောက်စရာကောင်းသော မီးရောင်တွေကြားထဲ လှပစွာကနေသည်

သူ၏ဝတ်စားသွင်ပြင် ဝတ်ထားတာသိပ်စမတ်ကျတယ် ရိုးရိုးရင်ရင် ဂျင်းဘောင်းဘီကို အကျပ်ဝတ်ထားပြီး ရှပ်အဖြူကိုဘောင်းဘီထဲထည့်ဝတ်ကာ လက်ခေါက်တင်ထားလေသည်

အဲ~ တစ်ခုပဲ သူစီးထားတာက Pencil-Heels

ခက်တာကအဲ့အနက်ရောင်ဒေါက်မြင့်လည်းသူနဲ့မှ ပနံသင့်နေသလို

ကျွန်တော်မြင်မြင်ချင်းအချစ်တွေကိုမယုံ

သူကျမှငေးမိပြီ

အသားအရေကမဖြူလွန်း ကျွန်တော်နဲ့ယှဉ်ရင် ညိုသည်

နှုတ်ခမ်းထူလေး ပုခုံးပြင်ကျယ် ချွန်ထက်လှသော မေးရိုး

မျက်လုံးအစ်အစ်လေး

လှပသွယ်တန်းသောခြေထောက်

လျပ်နေသောဗိုက်သား

သူသည်သိပ်အချိုးကျသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည်

သို့ပေမယ့်အဘယ်ကြောင့် Highheels ကိုစီးသနည်း

ကျွန်တော်ထိုမေးခွန်းကို စိတ်မဝင်စားသော်လည်း မေးမိသည်

စင်မြင့်ထက်ပေါ်ကသူ ကျွန်တော်ကိုလှမ်းကြည့်သည်

ကျွန်တော်အငေးလွန်သွားသည်ထင်ပါ့

ပြီးမဲ့ပြုံးလေး

ဟာ~ကောင်လေး မင်းကကိုယ့်ကိုရူးသွပ်အောင်လုပ်တာပဲ

တစ်ပြိုင်နက်မြင်လိုက်ရတာက တခြားကောင်လေးတစ်ယောက် ပွတ်သပ်ကာ ကလိုက်တဲ့အချိန်

ခုနက နှလုံးသားကို ရိုက်ခွဲပစ်လိုက်သော သူ

ဪငါလည်း မြင်မြင်ချင်းရူးသွားတာပါလား?

ပြီးသူလေးနဲ့တွဲကတဲ့သူနဲ့ ခါးဖက်ကာထွက်သွားလေတယ်

နာမည်လေးတောင်မသိလိုက်

ကျွန်တော် သူငယ်ချင်း ဖြစ်သူကဒီဘားမှာ CEOတဲ့အတွက်ကြောင့် ကျွန်ခဏခဏလာဖြစ်တယ် ခဏခဏဆိုသည်မှာလည်း ၂လတခါပါ ကျွန်တော်က ဆရာဝန်ဆိုတော့တော်ရုံမအား

SWEET LIESWaar verhalen tot leven komen. Ontdek het nu