Part 4

274 38 13
                                    

နောက်နေ့အလုပ်သွားကြရတယ်

တစ်လျှောက်လုံးကိုလွမ်းရတော့တာပဲ

တစ်ချိန်လုံးစိုးမိုးနိုင်လွန်းတယ် ကလေးရယ်

ကျွန်တော့် msg လေးပို့လိုက်တယ်

~ ကလေး စားပြီးပြီလား ? ~

ပို့ပြီးစောင့်နေလိုက်သော်လည်း ၅မိနစ်လည်းမလာ နာရီဝက်လည်းမလာ

နည်းနည်းတော့ စိတ်တိုလာသည်

ဘာကိစ္စကြောင့် စာမပြန်သလဲ?

ဪကျွန်တော်သာငတုံး

သူဘယ်တုန်းကများအပြင်မှာအဖက်လုပ်ဖူးလို့လည်း နှစ်ယောက်တွေ့တဲ့အချိန်မှာသာ ကို ဘာညာ ကျန်တဲ့အချိန်
msg ပို့ဖို့နေနေသာသာ ph call တောင်မလာ

ကျွန်တော်အိမ်ပြန်လာတော့ ထူးထူးဆန်းဆန်း အိမ်ကမီးလင်းနေသည်

ဪသူရောက်နေပြီပဲ

အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းမှာသူမရှိ
မီးဖိုထဲလည်းမရှိ

အပေါ်တက်ကြည့်တော့ ကျွန်တော့်အခန်းက ဝါရံတာမှာ စိမ်ပြေနပြေ ထိုင်ပြီး ဆေးလိပ်သောက်နေလေရဲ့

မကောင်းဘူးဆိုတာလည်းသိရက်နဲ့

ချစ် ~

ဪခင်ဗျားရောက်ပြီလား ?

စိမ်းကားလှချည်လား ?

Sorry မဟုတ်ဘူး နည်းနည်းစိတ်နောက်နေလို့

စားပြီးပြီလား ?

ဟင့်အင်း မစားချင်သေးဘူး လေညှင်းခံချင်လို့ ဒီမှာလာထိုင်နေတာ

သူ့ကိုကြည့်ရသည်မှာ ခပ်ဆွေးဆွေးနိုင်လှသည်

ထိုင်ခုံပေါ် ဒူနှစ်ချောင်းထောင်ကာ ဆေးလိပ်ကိုသောက်နေသည်

ထိုင်နေသည်မှာလည်းလျော့တိလျော့ရဲ

ဘာမှမပြောပဲကောင်းကင်ကိုသာငေးနေသည်

ကျွန်တော်စဉ်းစားမိတယ် ကျွန်တော်တို့နှစ်ယောက်ရဲ့ Relationship က မပွင့်လင်းပါလားလို့

ကျွန်တော့်ကိုတိုင်ပင်ရလောက်တဲ့အထိ မရင်းနှီးသေးတာလား ?

SWEET LIESWhere stories live. Discover now