Part 20

9.4K 496 12
                                        

တိမ်​လွှာ မနက်​​စော​စောစီးစီးအလုပ်​ရှုပ်​​နေသည်​။ အလုပ်​ရှုပ်​ရတဲ့အ​ကြောင်းအရင်းက​တော့ ဒီ​နေ့ 'ကို' နဲ့​ပျော်​ပွဲစားထွက်​ဖို့လုပ်​ထားတာ​ကြောင့်​ ယူသွားဖို့မုန့်​​တွေပြင်​​နေသည်​။

"ထမင်းလိပ်​၊ sandwich၊ Coffee၊ Strawberry cake ၊ေ​​ရသန့်ဘူး​၊ ပန်းသီး၊ လိ​မ္မော်​သီး၊ သစ်​​တော်​သီး၊ စပျစ်​သီး၊ ok ပြီးပြီ"

"သား ဘာ​တွေလုပ်​​နေတာလဲ"

"​​​မေ​မေ နိုးလာပြီလား သား 'ကို' နဲ့ picnic ထွက်​မလို့ေ​မေ​မေနဲ့​ဖေ​ဖေ့အတွက်​ ထမင်းလိပ်​နဲ့ကိတ်​ ကို​ရေခဲ​သေတ္တာထဲမှာထည့်​ခဲ့တယ်​ စားခါနီးမှ microwave နဲ့​နွှေးစားလိုက်​​နော်​"

"​အေး သား​လေး အသွားအလာလည်းသတိထားဦး မင်းအ​ဖေ​တွေ့သွားရင်​မလွယ်​ဘူး​နော်​ သား​လေး"

"ဟုတ်​ ​မေ​မေ သားနားလည်​ပါတယ်​"

မေ​မေနဲ့စကား​ပြော​နေတုန်း အိမ်​​ရှေ့ကကားသံ​ကြောင့်

"​ကောင်းကင်​လာပြီထင်​တယ်​ သား​လေး"

"ဟုတ်​တယ်​ ​မေ​မေ သားသွားပြီ​နော်​"

"​အေး ​အေး သားအပြန်​​နောက်​ကျမယ်​ဆို ​မေ့​​မေ့ကိုဖုန်းဆက်​​နော်​"

"ဟုတ်​ တာတာ့"

တိမ်​လွှာ ကား​ပေါ်​ရောက်​​တော့

"က​လေး ခြင်းအကြီးကြီးနဲ့ မုန့်​​တွေအများကြီးလုပ်​လာတာလား"

"မများပါဘူး 'ကို' ရဲ့"

"က​လေးပင်​ပန်းမှာစိုးလို့ပါကွာ နှစ်​မျိုး​လောက်​ဆို​တော်​ပြီ​ပေါ့"

"ရပါတယ်​ 'ကို' ကလည်း ကျွန်​​တော်​မပင်​ပန်းပါဘူး"

"က​လေး"

"ဟင်​ ​ပြော​လေ"

"ကိုယ့်​ကိုစကား​ပြောရင်​ကျွန်​​တော်​ ကျွန်​​တော်​နဲ့မ​ပြောပါနဲ့လား"

"အဲ့ဒါဆိုဘယ်​လို​ပြောရမှာလဲ"

"တစ်​ခုခု​ပေါ့ကွာ က​လေး အဆင်​​ပြေသလို​ပေါ့ ဥပမာ တိမ်​ ဆိုရင်​​ရော"

"အဲ့ဒါကြီးကမိန်းမမဆန်​ဘူးလား"

"မဆန်​ပါဘူး နား​ထောင်​​ကောင်းပါတယ်​ ​နောက်​အဲ့လိုဘဲသုံး​နော်​"

"​ကောင်းကင်​ရဲ့တိမ်​" (Complete)(Unicode+Zawgi)Où les histoires vivent. Découvrez maintenant