MASK - 9

5.7K 508 25
                                    



UNICODE

" ဘာလဲ ခင်ဗျား မမနဲ့အဆင်မပြေလို့ ရူးသွားပြီလား ခင်ဗျားဘာတွေလာပြောနေတာလဲ "

" ကို တကယ်ပြောနေတာ ကို မင်းကိုချစ်တယ် "

" ကျွန်တော်နားလည်တယ် အကိုကျွန်တော့်ကို ဘယ်လောက်ချစ်ခင်လဲ ကျွန်တော်သိတယ် ကျွန်တော့်ဖြစ်တည်မှုကို ပထမဆုံး နားလည်ပေးတဲ့သူဆိုတာလဲ သိတယ်။ ကျေးဇူးတင်ပြီး အကို့ကိုလဲ ကျွန်တော်တကယ်ခင်တယ်။ အဲ့ဒါကြောင့် မမကို နာကျင်အောင်မလုပ်ဖို့ ကျွန်တော့တောင်းပန်ပါရစေ"

" မဟုတ်ဘူး ကိုပြောချင်တာက မင်းကို ကိုချစ်တယ်ဆိုတာက ချစ်သူတစ်ယောက်လို ကို မင်းရဲ့ဖြစ်တည်မှုကို နားလည်ပေးတယ်ဆိုတာ ကို လဲမင်းလိုဖြစ်တည်မှုမျိုးပဲဆိုတာ မင်းနဲ့တွေ့ပြီး သိလာလို့ပဲ။ ကိုအမြဲစဉ်းစားနေမိတာ မင်းအကြောင်းတွေပဲ။ မင်းတစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုတာတောင် ကို လုံးဝစိတ်မဖြတ်နိုင်ဘူး "

နှစ်ဦးနှစ်ဖက်စလုံးမှ တုန့်ပြန်သံများအားလုံး ခေတ္တငြိမ်သက်သွားကြသည်။

" နေဦး အကို.. ခင်ဗျားဦးနှောက်ပျက်သွားတာလား။ ခင်ဗျားအခုပြောနေတာ ခင်ဗျားယူထားတဲ့ မိန်မရဲ့မောင်လေး ခင်ဗျားမှာ အိမ်ထောင်ရှိတယ် သေချာစဉ်းစားဆင်ချင်ပါ "

" ကို သေချာတွေ စဉ်းစားဆင်ခြင်ခဲ့လို့ အခုလိုတွေ မင်းနဲ့ဝေးခဲ့ရပြီးပြီ ကို နောက်ထပ်မလွဲချင်တော့ဘူး အဲ့ဒါကြောင့်မင်းကို ကိုဖွင့်ပြောတာ။ မင်း အခုချိန်မစဉ်းစားနဲ့ဦး ရတယ်။ ကိုက ချစ်နေရရင်ကိုဖြစ်တာမို့ မင်းကသိထားပေးရင် အဆင်ပြေတယ်။ ဒါပေမဲ့ မင်းကို့ကို စဉ်းစားပေးပါ စောင့်နေမယ် "

" စဉ်းစားပြီးပြီ ကျွန်တော် ကိုအာကာ့ကိုပဲချစ်တယ်။ ပြောင်းလဲမှာမဟုတ်ဘူး။ စောင့်မနေပါနဲ့တော့ "

" ဟင့်အင်း မင်းငါ့ကိုချစ်လာမှာပါ "

" ကျွန်တော် အကို့ကို အဲ့လိုစိတ်မမှန်တဲ့သူမှန်း မသိခဲ့ဘူး "

" အဲ့ဒါ မင်းကြောင့်ပဲ "

" ကျွန်တော်က ခင်ဗျားထင်သလောက် အရှက်မဲ့တဲ့ကောင်မဟုတ်ဘူးဆိုတာ ခင်ဗျားသိထားစေချင်တယ်။ စည်းစောင့်မှပေါ့ "

MASK (  Editing  ) Where stories live. Discover now