Ending Version 2

6.4K 295 29
                                    

တစ်နှစ်ခန့်ကြာသော် ~

ထင်းရှုးနှင့် ချယ်ရီများ ပန်းပင်များ ပွင့်ဖူးတတ်သော ပြင်ဦးလွင်မြို့တွင် ကျွန်တော်တို့ အခြေချဖြစ်သည်။ ကိစ္စများဖြစ်ပြီးနောက် တစ်ချိန်က ဘုန်းဓန ပြောခ့ဲဖူးသဖြင့် သူသဘောကျသော ထိုမြို့ငယ်လေးတွင်သာ အခြေချဖြစ်ခ့ဲကြသည်။

" Stevenရေ ဒီပါ့ဆီကို ဒီဟင်းသွားပေးပေး ''

" အင်း... ''

ကျွန်တော်တို့်အိမ်နှင့် ဒီပါ့အိမ်လေးတို့သည် ခြံဝန်းတစ်ဝန်းတည်းတွင်သာရှိသည်။ ဟိုဘက်အိမ် နှင့် ကျွန်တော့်အိမ်ကြားတွင် ပန်းခင်း နှင့် စတော်ဘယ်ရီပင်လေး များလည်း စိုက်ပျိုးထားလေသည်။ ကျွန်တော် နှင့် Steven သည် ပြင်ဦးလွင်ရှိ ဆေးခန်းများတွင်ထိုင်ကာ ဝင်ငွေရှာခြင်းအမှူကိူပြုသည်။ အလုပ်နားတိုင်း ဟင်းများကို ဟိုသည်ပေးပို့နေကျ။

ကျွန်တော်တို့ နှစ်ဦး၏ ဆက်ဆံရေးတွင် ကျွန်တော့်ဘက်မှ ချစ်တယ်ဟု မပြောဖူးသော်ညား နားလည်ပေးသော Steven ၏ အချစ်များကြောင့် အရာရာ အေးချမ်းခ့ဲသည်။ ကျွန်တော်တို့အတူရှိခ့ဲတာ ၁နှစ်နီးပါးရှိပြီဖြစ်သည်။ ယနေ့တွင်မှူ ကျွန်တော့်အပေါ် စောင့်စားခ့ဲသော ထိုကောင်လေးအား ချစ်တယ် ဟု ပြန်ပြောပြမည်ဟု ဆုံးဖြတ်ထားလေသည်။

" ဒီပါရေ ဝင်ခ့ဲပီနော် ''

" အေး Steven ဘာလာလုပ္တာလဲ ''

" ဟင်းလာပို့တာ ဒီနေ့ ဝက်ပုန်းရည်ကြီးဟင်းချက်တာ မင်းကြိုက်တတ်လို့လာပို့တာ။ ငါ့အခ်စ္က ဟင်းချက်ကောင်းတယ်လေ ''

"ကြွားပြန်ပြီ ''

" ဘာလုပ်နေတာလဲ? "

" ကိုဓနကို ရေချိုးပေးမလို့လေ။ ''

" နိုင်လား? ကူပေးရမလား? "

" ရတယ် မလိုဘူး။ ကိုဓနရဲ့ ခန္ဓာကိုယ်ကို မြင်ခွင့်မပေးနိုင်ပါဘူး။ ''

" စောက်ကပ်စေး.. အားအားယားယား ဘုန်းဓန ကိုပဲ ငါက ကြည့်ရဦးမယ် အကိုဘယ်လိုနေလဲ ငါလာတုန်းတစ်ခါတည်းကြည့်သွားမယ် ''

ဘုန်းဓနရှိသည်ဟူသော အခန်းသို့ ဝင်သွားလိုက်သည်။

" ကိုဓန အကိုရေ ဒီနေ့ဘယ်လိုနေလဲ သက္သာလား? သက်သာရင် ခေါင်းငြိမ့်ပြနော် ''

MASK (  Editing  ) Where stories live. Discover now