ပါးစပ်ဖျားက ပေါ့ပျက်ပျက် ဖြစ်လာတဲ့အရာကို
အချစ်လို့ မဆိုလိုဘူး ။နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ဖြစ်တည်လာတဲ့
အရာကိုသာ အချစ်လို့ ခေါ်တွင်ကြ၏ ။Sehun ပြောစကားကို တစ်ခေါက်သာ မော့ကြည့်ပြီး လက်ထဲက ထိုးလက်စ ဆွယ်တာလေးဆီ အကြည့် ပြန်ရောက်သွားသည် ။
'' hyung .. ဒီည Lee groupရဲ့ သမီးငယ် မွေးနေ့ရှိတယ် ။ ကျနော့် တွဲဖက်အနေနဲ့ လိုက်ခဲ့ပါလား .. ဟင် ? ''
'' Hunnie လူမှားနေပြီ ထင်တယ် ။ တကယ်တမ်း ပြောရမှာက Luကို မဟုတ်ဘူးလား ? hyung ဒီကို ပြန်လာတာ hunnie ဘွဲ့ယူဖို့ တစ်ခုထဲ အတွက်လေ ။ ဒီလိုမျိုးတွေ တတ်ဖို့မှ မဟုတ်တာ ''
'' ဒီပွဲမှာ Jongin hyung သေချာပေါက် တက်လိမ့်မယ် ''
မသိပါစေနဲ့ ဆုတောင်းရင်း လက်ထဲမှာ ကိုင်ထားတဲ့ တုတ်တံလေး နှစ်ချောင်းကို ဖိဆုပ်လိုက်တယ် ။
'' လိုက်ခဲ့ပါ ။ hyung ခံစားခဲ့ရသလို ပြန်ဖြစ်သင့်တယ် မလား ? ''
luရဲ့ ရင်ခွင်မှာ ကွေးကွေးလေး အိပ်နေတဲ့ သားရဲ့ မျက်နှာနုနု လေးကို လှမ်းကြည့်ရင်းက တစ်ချိန်က သူစွပ်စွဲခဲ့တဲ့ စကားတွေအား ပြန်လည် ကြားယောင်လာ၏ ။
'' သွားကြတာပေါ့ ''
သတိရမိတဲ့ အချိန်တိုင်း ယခင်က ပေးခဲ့ဖူးသော
နာကျင် စရာများအား ပြန်တွေးရင်း ဖျောက်ဖျက်
ခဲ့ဘူး၏ ။မီးရောင်စုံကြားက အိမ်ကြီးရှေ့ ကားရပ်လိုက်လျှင်ပင် ဒီပွဲက ပေါ့သေးသေး မဟုတ်မှန်း သတိထားမိသည် ။
'' ရှယ်ယာ အဝင်များတဲ့ လူတွေရယ် ။ ခင်တဲ့ လူတွေရယ်ပဲ ဖိတ်တာ ။ Ommaက မအားတော့ ကျနော်က ကိုယ်စားပေါ့ဗျာ ''
'' အဲ့လိုလား ? ''
'' အဲ့လို ''
နှဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကို Gel အကူအညီနဲ့ ပုံသွင်းပြီး ဆင်တူချုပ်ထားတဲ့ suitအနက်နဲ့ ကျနော်တို့ နှစ်ယောက် ။
YOU ARE READING
HIDDEN
Fanfictionကိုယ်တို့နှစ်ယောက် ဘယ်သူမှ မသိအောင် ချစ်ကြမလား? |-- HIDDEN --| warn : Mpreg