Part1

18.8K 257 8
                                    

                  Jennie's P.O.V
ဒီနေ့နဲ့ဆိုသူမမေ့နေတာ 1လရှိနေပြီ။ ဒါတွေအားလုံးက ကျွန်မ အပြစ်တွေပါပဲ ။ ကျွန်မသာ သူနဲ့မပတ်သက်ခဲ့ခဲ့ရင်သူအခု လို ခံစားနေရမှာမဟုတ်ဘူး ။ ထုံးစံအတိုင်း ကျွန်မ အလုပ်ပြီး ဆေးရုံးထဲကိုဝင်ပြီးသူမကိုတွေ့ဖို့ သူအခန်းအရှေ့ကို ဦးတည်သွားခဲ့ တယ် …… သူမများ သတိရနေမလားဆိုတဲ့ အတွေးနဲ့ပေါ့ ။ ထုံးစံအတိုင်း သူမသတိမရသေး…… ကြားနေရတဲ့ နှလုံးခုန်စက်ရဲ့အသံက စိတ်အနှောက်အယှက်ဖြစ်စေပေမယ့် အဲ့အသံက ကျမကို စိတ်သက်သာရစေတယ်လေ… သူမအသက်ရှိနေသေးတယ် ဆိုတဲ့ အတွေးနဲ့ပေါ့…

ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စတွေကြောင့်သူမ အခုလိုခံစားနေရတာမှာ …… လွန်ခဲ့တဲ့ 2နှစ်က "Seoul High School" ကြောင်းမှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကြောင့်ပေါ့……

Flash Back…( 2 years ago)

               Jisoo's POV
ကျမဒီနေ့အရမ်းပျော်ရွှင်နေမိတယ် … ဘာလို့လဲလို့ဆိုရင် ဒီနေ့က ကျမ"Seoul High School" မှာ ဝင်ခွင့်အောင်ခဲ့တယ်လေ… နောက်တပတ်နေရင် အဲ့ဒီကျောင်းမှာတက်ရတော့မယ် … ကျမအရမ်းကိုပျော်နေမိတယ် "Seoul High School" ဆိုတဲ့ကျောင်းဟာ ပညာရေးမှာအရမ်းအောင်မြင်ပြီး နာမည်ကြီးတဲ့ ကျောင်းပါ… S.Korea မှာ အကောင်းဆုံးကျောင်းတွေထဲကတစ်ကျောင်းပေါ့……

Jisoo : ဘာလို့ဒီနေ့မိုးတွေအဲ့လောက်ရွှာနေတာလဲမသိဘူး

ကျမအဲ့လို့ပြောနေတုန်း ကျမအခန်းရဲ့မှန်ပြတင်းပေါက်ကနေ ကားတစ်စီးကိုတွေ့လိုက်တယ်။ အဲ့ကားကပြီးတော့ ကျမတို့အိမ်ဘေးမှာရပ်လိုက်တယ် ။ အိမ်နီးချင်းအသစ်တွေလားမသိဘူး… အော် ဒါနဲ့ ဟိုတစ်နေ့
က Omma က Appa ရဲ့သူငယ်ချင်းတစ်ယောက်အဲ့အိမ်ကိုပြောင်းလာမယ်လို့ပြောထားတာ သူတို့လားမသိဘူးနော်………

Next Morning……
Jisoo တစ်ယောက် 7:15 လောက်အိပ်ယာ ကထပြီး နံနက်စာစားဖို့အတွက် အောက်ထပ်ကိုဆင်းလာတယ်
Jisoo အောက်ဆင်းသွားတော့ Appa တို့ Omma တို့အကုန်ရောက်နေပြီ,

Jisoo's Omma : သမီးနိုးပြီလား?လာ လာ နံနက်စားတော့……

ထိုစဉ် တံခါးမှ ဘဲလ် မြည်သံကြားရပြီး……

You're mine forever [completed]Where stories live. Discover now