နှစ်လွှာအသဲ💞

12K 1K 46
                                    


နှင်း​တောင်​​ပေါ် ၄ ရက်​​မြောက်​​သော​နေ့ ။

Chanyeol ရဲ့ သီချင်းကိစ္စပြီး​နေ​ပေမဲ့လည်း
နှစ်​​ယောက်​လုံး ဆိုလ်းကိုမပြန်​ကြ​သေးပဲ
အိမ်​​လေးထဲ ​နေ​နေကြ​သေးသည်​ ။

တစ်​​နေကုန်​​လျောက်​လည်​ကြပြီး ညပိုင်းဆို
အတူစား​သောက်​ပြီးတာနဲ့ သီချင်း​တွေ​ရေး၊
သီချင်း​တွေဆိုနဲ့ နှစ်​​ယောက်​သား အ​မော​ဖြေကြသည်​။
Chanyeol ​ရေးထားတဲ့သီချင်း​တွေကို
ကိုယ်​တိုင်​ ဂီတာ​ပေးတဲ့အခါ Baekhyun
က လိုက်​ဆို​ပေးရင်း အချိန်​​တွေကုန်​ဆုံးဖြစ်​ကြသည်​။

" အဲ့တာ ဘာလုပ်​ တာ "

Sound Recorder ​လေးတစ်​ခုကို ပိတ်​​နေတုန်း
Baekhyun ​မေးလိုက်​ခြင်းပင်​ ။

" hyunee ရဲ့အသံကို ယူထားတာ​လေ !
ကို့ စီနီယာက hyunee ရဲ့အသံဆို သိပ်​သ​ဘောကျမှာ။
ကိုပို့မို့​လေ "

" ဪ.... "

" မကြိုက်​ဘူးလား hyunee "

" မဟုတ်​ပါဘူး.... တကယ်​လို့ကျ​နော်​လည်းနာမည်​ကြီး
သွားရင်​ ဘယ်​လိုလုပ်​မလဲ "

" ဟာ... အဲ့တာ​ကောင်းတာ​ပေါ့ "

" ဟင်​ ! ကျ​နော်​ schedule ​တွေနဲ့ အလုပ်​​တွေရှုပ်​​နေရင်
Chan နဲ့သိပ်​မ​တွေ့ရ​တော့ဘူး​လေ !
အဲ့တာလည်းဖြစ်​တာပဲလား "

" ဖြစ်​​တော့​ဖြစ်​တာ​ပေါ့ ! ဒါမဲ့ hyunee က
သီချင်းဆိုရတာ ကြိုက်​တယ်​​လေ ။
မင်းသ​ဘောကျတဲ့အရာ​တွေ လုပ်​​နေပြီး
ပျော်​​နေတာကိုပဲ မြင်​ချင်​တာ ။
ကိုယ်​ အနားမှာပဲ မင်းကို မချုပ်​ချယ်​ချင်​ဘူး !"

" ဒီ စကား​တွေနဲ့ပဲ လူကို ချုပ်​ထားတာ ! "

" ​ဟောဗျာ ! အမှန်​တိုင်း​ပြောတာကို ဘာလို့
နှုတ်​ခမ်းကြီး ဆူထားရတာလဲ "

ပြောကာမှ ပိုဆူလာတဲ့ နှုတ်​ခမ်းအား အူ​ကြောင်​​ကြောင်
ချစ်​သူကြီးက ကြည့်​သာကြည့်​​နေတယ်​ ....။
ရှေ့မဆက်​တက်​ ။ ဆက်​ရဲမှာလည်းမဟုတ်​ ။

အထာပြပြီး ဆူပြထားမှန်းလည်းမသိ ။

အဲ့ဒီ​တော့ကိုယ်​ကပဲသူ့မျက်​နှာကြီးဆွဲယူပြီး
စ နမ်း​ပေးရတယ်​ ။ သူ့ဘက်​က နမ်းတယ်​ဆိုတာ
အိပ်​ရာ လာနှ်ိုးတဲ့အချိန်​ နဖူးကိုဖွဖွ​လေးနမ်းရုံတင်
သာရှိသည်​ ။

အခဈြဦး ( ChanBaek ) (Z+U)Where stories live. Discover now