I Luv MyBaby

172 17 6
                                    

စစ်မှန်မှုဆိုတာရှားတယ်..
ထိုအထဲကမှ ကလေးအတွက် စစ်မှန်မှုဆိုတာပိုရှား
အတုအယောင်တွေကလေးရယ်...
ဟိုးအစတည်းကမြင်ခဲ့တာမို့ ကိုယ်ဟာအကြိမ်ကြိမ်အခါခါရင်နာခဲ့ရ..
ကိုယ်တို့ကလေးပင်ပန်းနေပြီလား...!
ခံစားနေရမလား...!
လူတွေကအံ့သြစရာကောင်းပါတယ်။ တစ်ခါတစ်လေ မထင်ထားတာတွေ မြင်ရတွေ့ရကြုံရတတ်တယ်...

မလဲပြိုနဲ့ကလေးရေ...
အရှုံးလည်းမပေးနဲ့...
ဘယ်သူမှမချစ်ရင်တောင် ဒီလူတစ်ယောက်ကတော့ ချစ်တာမို့
ဖြစ်တည်မှုသက်သက်ချစ်တာမို့
နင့်နေအောင်ချစ်တာမို့
မခံစားပါနဲ့.... ။

ဒီရက်တွေ ကိုယ်တစ်ယောက်လည်း အလဲလဲအပြိုပြိုပါပဲ
ရင်တစ်ခုလုံးလည်း ဆုတ်ဖြဲခံရသလို ကြေမွအက်ကွဲလို့
နေလို့လည်းမပျော်ပါဘူး ကလေးရေ....
ငိုချလို့လည်းမရ
ခေါင်းတွေချာချာလည်ပြီး
ရင်ဘတ်တွေအောင့်တဲ့ နာကျင်မှုမျိုးက
သိပ်ကိုဆိုးရွားမှန်း အခုမှခံစားတတ်ခဲ့..။

ပျော်နေစေချင်တယ
ရင်နာစရာတွေလည်းဒီလူသာခံစားလိုက်ချင်
ကလေးတစ်ယောက်ကိုတော့ပျော်စေချင်တယ်...
ပြုံးပါ
ပြုံးနေပါကလေးရေ...
ဘာတွေပဲကြုံလာလာ ဘယ်လိုနာကျင်စရာတွေပဲရှိရှိ
ခပ်ယဲ့ယဲ့လောက်တော့ပြုံးနေနိုင်ဦးမှပေါ့...
"" This too, will pass "" တဲ့ကလေးရ
ဘာတွေဘယ်လောက်ပဲဆိုးရွားတဲ့အခြေအနေဖြစ်ပါစေ ပြီးသွားမယ့်အကြောင်းတရားတွေပါပဲ ။

ဟိုးအစတည်းက ကလေးရင်ထဲမြင်တတ်ခဲ့သူမို့
ထိထိမိမိဖွဲ့နွဲ့ချပြခြင်းမျိုးမရှိလည်း
ကလေးတစ်ယောက်ရဲ့ရင်ထဲကိုတော့ ကောင်းကောင်းခံစားနားလည်ခဲ့တာမို့ " ရတုရှင်းဒီပါ" ဆိုတဲ့ ဖြစ်တည်မှုကို ဝဲဘတ်ရင်အုံအတွင်းပိုင်းထဲ နက်ရှိုင်းစွာနေရာပေးထားတဲ့သူဟာ ကိုယ်ပါ... ။

ဖြစ်တည်မှုတစ်ခုလေးကသာ ကိုယ့်ရဲ့အရာရာဖြစ်လို့
ထိမိခိုက်မိနာကျင်စေမိမှာ စိုးရိမ်တယ် ။

အဝေးကြီးကအပြုံးတွေကို အိပ်မက်ထဲထိသယ်ဆောင်ချင်သူ ကိုယ့်အတွက် အတောင့်တဆုံးက ကိုယ်တို့ကလေးရဲ့
ပျော်ရွှင်မှုပါ .....

ရင်တွေကွဲမတတ်နာကျင်တယ်ကလေးရယ်....
ဒါဟာသိပ်ကိုဆိုးရွားလွန်းတယ်....
ပျော်နေစေချင်တယ် ကလေးရယ်
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး စိတ်ချမ်းမြေ့ရစေချင်တယ်
စစ်မှန်တဲ့မေတ္တာတရားတွေကိုသာလည်း ပိုင်ဆိုင်စေချင်တယ်
ကလေးနဲ့ထပ်တူနာကျင်ပေးနိုင်ပြီး ကလေးရဲ့ဆုံးဖြတ်ချက်တွေတိုင်း လက်ခံနိုင်မယ့်သူ
ကိုယ်တို့ကလေးကိုအပြစ်မမြင်ဘဲ ချစ်နေတာမျိုး

ကိုယ်ဟာသိပ်ကိုဆုတောင်းကြမ်းနေပြီး အတ္တတွေများကြီးနေသလားပဲ ကလေးရေ...
သြ! စိတ်လျှော့လိုက်ပါပြီ..
တခြားသောသူတွေရဲ့နှလုံးသားကို ကိုယ်မှမပိုင်
ကိုယ်ဝင်ရောက်စီမံလို့မှမရ
ချစ်ပုံချစ်နည်းတွေ အပြစ်ရယ်လို့သွားတင်လို့မှ မရ...

အင်း.. ကိုယ်ကချစ်တယ်
ကိုယ်ကသိပ်ကိုချစ်ရတာမို့
ကိုယ်ကပဲစပြီး ကိုယ်ကပဲအဆုံးထိချစ်သွားမှာမို့
ကိုယ့်ကိုယုံပါ ....
ယုံပါ ကလေး ....
ကလေးရဲ့ဖြစ်တည်မှုက ကိုယ့်အတွက်သိပ်ကိုအရေးပါလွန်းတယ် .......
နောက်ထပ်....
အင်း... နောက်ပြီး
တန်ဖိုးရှိလွန်းတယ်.....။

#SyWy (300318/ 10:36AM)

( >< ဖော်ပြရခက်တဲ့ခံစားချက်ဆိုးကြီးတွေနဲ့ သေအောင်ပင်ပန်း... TT) (ကလေးဆိုပြီးထူးထူးဆန်းဆန်းသုံးနှုန်းမိ XD)

ချစ်သော... Yatu Shin DeparWhere stories live. Discover now