ဒုတိယမြောက်ရင်ဖွင့်လွှာ

30 1 0
                                    

' ရတုရှင်းဒီပါ '

ကျွန်တော်ကလေ အခက်ခဲတွေ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရမှာမကြောက်ဘူး..
အဲ့လိုအခြေနေတွေမှာ ကိုယ့်ဘေးနားဘယ်သူမှမရှိမှာကိုကြောက်တာ..
အိပ်မက်ဆိုးတွေကြောင့်လန့်နိုးလာလို့ ဘေးနားကြည့်ရင် ဘယ်သူမှမရှိတဲ့အခါ မနေချင်တော့လောက်အောင် ထိတ်လန့်ရတယ်..
ဒါကြောင့် ကျွန်တော်ကသက်ရှိသက်မဲ့ အရာတိုင်းကိုတွယ်တာတယ်..
ဒီလိုပဲပေါ့ရတုရ..
ဘယ်တော့မှ မြင်ရတွေ့ရမှာမဟုတ်တဲ့ အဝေးကြီးကလူကိုလှမ်းမျှော်ချစ်နေရတာ မပင်ပန်းဘူး..
ချစ်လို့မရတော့မှာကိုတော့ သိပ်ကြောက်တယ်...။
အချိန်တွေဘယ်လောက်ကြာကြာ ဒီကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရတုရှိနေတယ်ဆိုတဲ့အသိနဲ့ မှန်းမျှော်ချစ်နေချင်တယ်..

ကျွန်တော်က ညတွေကိုချစ်တယ် ခင်ဗျားကိုချစ်တယ်..
ညကလွတ်လပ်တယ်..အတွေးတွေကိုလွတ်လပ်စွာဖြန့်ကျက်ထားနိုင်တယ်..
လသာသာ မသာသာ ၊ ကြယ်တွေရှိရှိ မရွိရွိ ကောင်းကင်ကြီးကတော့ရှိတယ်..
သူကကိုယ့်အဖော်...
ခင်ဗျားက ကျွန်တော် အချိန်တွေအများကြီး ဆက်ရှင်သန်ချင်လာအောင် စွမ်းနိုင်တယ်..
လက်လှမ်းမှီမှီမမှီမှီ ၊ ဘယ်လောက်ပင်ဝေးကွာနေပါစေ.. ရင်ဘတ်ကြီးထဲမှာ ရတုရှိတယ်..
ခင်ဗျားကကျွန်တော့်အလင်းရောင်..

ကမ္ဘာမြေတစ်ခုတည်းမှာ ခင်ဗျားရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ကျွန်တော်သတ္တိတွေရှိလာတယ်

ခက်တော့ခက်တယ်နော် !
ဖမ်းဆုပ်ထိတွေ့လို့မရတဲ့ ပုံရိပ်ကိုတောင် ပိုင်ပိုင်နိုင်နိုင်ချစ်ခွင့်မရှိတဲ့ဘ၀..
ဒီဘ၀ကိုမှ ကိုယ်ကခုံမင်တော့လည်း ....

.................................................................

You've reached the end of published parts.

⏰ Last updated: Sep 23, 2020 ⏰

Add this story to your Library to get notified about new parts!

ခ်စ္ေသာ... Yatu Shin DeparWhere stories live. Discover now