Invisible - 1

2K 195 13
                                    


"Yah!! Jeon Jungkook!!"

သူအိပ်​​နေတဲ့အချိန်​ သွား​နှောက်​ယှက်​မိတိုင်းအမြဲကြားရတဲ့အသံ​လေး...။

"Hyung..., လာပါ....အပြင်​ထွက်​​ဆော့ရ​အောင်​"

"Yah...! ငါ ဒီမှာအိပ်​​နေတာမမြင်​ဘူးလား မင်းဘာသာမင်းထွက်​​ဆော့ပါလား"

"တ​ယောက်​ထဲ​ဆော့ရမှာပျင်းစရာကြီး..."
"Hyung...လာပါ...အတူ​ဆော့ရ​အောင်​"
"Hyungggggg..."

စိတ်​ရှုတ်​မခံနိုင်​တဲ့ Hyung ရဲ့အကျင့်​အတိုင်း ​နောက်​ဆုံး​တော့လည်း...

"လာပြီကွာ လာပြီ...တကယ်​ပါဘဲ အိပ်​​ရေးပျက်​တယ်​"

"yeah...!!!"

ငယ်​ငယ်​ကတည်းက တင်းကြပ်​လွန်းတဲ့အ​မေ့ရဲ့အုပ်​ချုပ်​မှု​အောက်​မှာ သူငယ်​ချင်းမရှိကြီးပြင်းခဲ့ရတဲ့ကျွန်​​တော့်အတွက် Hyung ကတဦးတည်းသောကျွန်​​တော်​အတွက်​ကစား​ဖော်​...။
အ​မေ့သူငယ်​ချင်း ​ဒေါ်​လေးMin ရဲ့သားဖြစ်​တဲ့အတွက်​ တဦးအိမ်​တဦးတံခါးမရှိ ၀င်​ထွက်​နိုင်​​အောင်​ရင်းနှီးခဲ့ကြတဲ့အထိ...။


Hyungကိုအတင်းနှိုးပြီး​တဲ့နောက်​ ကျွန်​​တော်​အရင်​ဆုံးအိမ်​​ရှေ့ကပန်းခြံဆီ​ပြေးဆင်းလာခဲ့သည်​...။ Hyung က​တော့ကျွန်​​တော့်​နောက်​က​နေအိပ်​ချင်​မူးတူးနဲ့လိုက်​ထွက်​လာခဲ့ရင်း...။

ဒါ​ပေမယ့်...မထင်​မှတ်​လိုက်​တဲ့အချိန်​...။

"Yah....Jeon Jungkook!!! မင်း...!!!"

ခြံထဲဆင်းဆင်းချင်းရေနဲ့အပတ်​ခံလိုက်​ရ​တာ​ကြောင့်​ ​ဒေါသထွက်​​နေတဲ့ Hyung ရဲ့ပုံစံကို အခုချိန်​ထိမှတ်​ညဏ်​​တွေအထဲမှာပြတ်​ပြတ်​သားသားမှတ်​မိ​နေမိတုန်း...။

"hehe....hyung အိပ်​ချင်​မူးတူးဖြစ်​​နေမှာစိုးလို့နှိုး​ပေးတာ..."

မျက်​​မှောင်​ကြုတ်​ကြည့်​​နေတဲ့ Hyung ပုံစံကိုမရယ်​မိ​အောင်​ထိန်းရင်း​ပြောလိုက်​​ပေမယ့်​ Hyungက​တော့​ကျေနပ်​ပုံမ​ပေါ်...။

"မင်းကအဲ့ဒီလို​ပေါ့...ရတယ်​​လေ...ဒီတခါငါ့အလှည့်"

"Arr....hyung , မလုပ်​နဲ့​လေ"

Invisible || YoonKookWhere stories live. Discover now